ℙ𝕒𝕣𝕥 28

3.3K 205 17
                                    

Unicode....

"ဘယ်လိုထယ် မောင်နားကြားမှားတာလား
ထယ်မှာမောင်ရင်သွေးရှိနေတာ တကယ်လား.."

ထယ်ယောင်း မောင့်အပြောကို ခေါင်းငြိမ့်ပြလိုက်တော့။

"မင်းရူးနေလား ဘာလို့ မောင့်ကိုမတိုင်ပင်ပဲနဲ့ မင်းလျှောက်လုပ်နေတာလဲ ဘာလဲမောင်က မင်းတိုင်ပင်လောက်ရတဲ့ထိ မောင်ကမင်းအတွက် အရေးမပါတော့ဘူးလား..."

ထယ်ယောင်း မျက်ရည်တွေ ရစ်ဝဲလာကာစကားစတော့...။

"ဟင့်အင်း...မောင်.."

"မောင်မင်းနဲ့စကားမပြောချင်ဘူး.."

ချက်ခြင်းဆိုသလို ကုတင်ပေါ်က ခေါင်းအုန်းကိုယူကာ ဂျောင်ကုအခန်းထဲကနေထွက်ခဲ့လိုက်သည် အခန်းထဲမှာ ထယ်ယောင်း ဘယ်လိုပုံစံနဲ့ကျန်ခဲ့မလဲ ဆိုတာကိုတော့ ဂျောင်ကုမသိချင်တော့ပါ...။

‌ထယ်ယောင်း ကုတင်ဘေးမှာ ပုံ့ပုံ့လေးထိုင်ချလိုက်ကာ မျက်ဝန်းထဲက မျက်ရည်တွေကို အနှောင်လွတ်ကင်းစွာနဲ့ ကျ‌ဆင်းစေကာ...။

"မောင့်ကို မိသားစုလေးနဲ့ ပျော်ရွှင်စေယုံပါ ထယ် ထယ်ကမောင့်ကို မတိုင်ပင်လောက်အောင်ထိ မောင်ကအရေးမပါခဲ့တာ မဟုတ်ပါဘူး.."

မျက်နှာကို ဒူးခေါင်းထပ်အပ်ပြီး ထယ်ယောင်း ဒူးခေါင်းလေးကိုဖက်ကာ မျက်ရည်တွေ ကျဆင်းစေသည်..။
.

.

.

.

ထိုနေ့ကစ မောင်က ထယ်ယောင်းနဲ့ အတူတစ်ခန်းထဲ မအိပ်တော့သလို ထယ်ယောင်းနဲ့လဲ ထမင်းအတူမစားတော့ပါ အလုပ်ကပြန်လာတာနဲ့ အခန်းထဲ တန်းဝင်သွားသလို  မျက်နှာချင်းဆိုင်တွေ့ရင်တောင် မတွေ့ချင်ယောင်ဆောင်ကာ သွားတဲ့မောင့်ကိုကြည့်ကာ ထယ်ယောင်းတစ်နေ့တစ်နေ့ ငိုရသည်မှာ မနဲ့တော့...။

ဒီနေ့တော့ ထယ်ယောင်း မောင်ပြန်လာမည်ကို စောင့်နေလိုက်သည် ‌တစ်အိမ်ထဲအတူနေပြီး ကိုယ့်ကို ရှောင်ဖယ်သွားနေရတဲ့ မောင်အတွက်ပင်ပန်းနေမည်မလား...။

ကားသံကြားတာကြောင့် မောင်ပြန်လာပြီဆိုတဲ့ အသိကြောင့် ထယ်ယောင်း တံခါးပေါက်နားမှာ စောင့်နေပေမယ့် မောင်ကထုံးစံအတိုင်း ထယ်ယောင်းကိုကျော်ကာ လျှောက်သွားတာမို့ ထယ်ယောင်းမျက်ဝန်းထဲက မျက်ရည်များ တွဲလွဲခိုနေသည်ကို လက်နဲ့သုတ်ကာ မောင်ရဲ့လက်ကိုဆွဲလိုက်တော့...။

𝔸 𝕤𝕥𝕠𝕣𝕪 𝕠𝕗 𝕝𝕠𝕧𝕖 {ℂ𝕠𝕞𝕡𝕝𝕖𝕥𝕖𝕕}Where stories live. Discover now