သူ့အဖိုးက သူ့ကိုယ်သူ ချစ်မှန်း ရှုစစ်နျန် သိပေမယ့် ဒါက ဒီလို ရူးမိုက်တဲ့ကိစ္စတွေကို အမြဲတမ်းလုပ်ဖို့အတွက် အကြောင်းအရင်းတစ်ခုတော့ မဟုတ်လေဘူး။ အရင်တုန်းက သူ့အဖိုး အရမ်း ဒေါသမထွက်ဖို့ ရှုစစ်နျန် က အမြဲတမ်း ဖျောင်းဖျပြောရသည်။ အခု ဒီအကြောင်းကို ပြန်တွေးမိတော့မှ သူ့ရဲ့ညီငယ်လေးက တကယ်ကို မကောင်းဆိုးဝါး ပြန်ဝင်စားတာ ဖြစ်နိုင်၏။
မဟုတ်ရင် ဒီလိုအရာတွေကို သူဘယ်လို လုပ်နိုင်မှာလဲ??
သူ့ဆန္ဒ မပါဝင်ပါပဲ တုန်ဖန်း နဲ့ ဒီလုပ်ဆောင်ချက်ကို လုပ်မယ်တဲ့လား??
" ငါ့ရဲ့မြေးကို ဘယ်ကောင် လာနှောက်ယှက်တာလဲ? ဒီအဖိုးကြီးက သေအောင် ဆော်ပစ်မယ် " ဆိုတဲ့ အဖိုးရဲ့ ပုံစံကြီးကို တွေးမိတော့ Xu Cinian မပြုံးပဲ မနေနိုင်ဘူး။ သို့သော် ထိုအပြုံးထဲမှာ ဝမ်းနည်းမှုအရိပ်အရောင်တွေ စွက်ဖက်နေလေသည် ။ သူ့နှလုံးသားတစ်ခုလုံး ပုံအောပြီး အမှန်တကယ် ယုံကြည်ရတဲ့သူကို တွေ့ဖို့ဆိုသည်မှာလည်း ကမ္ဘာကြီးက ကြီးလွန်းနေခဲ့၏။ တစ်ယောက်သောသူ သူ့အဖိုးက လွဲ၍ပင်။
ထို့နောက် သူ့မျက်လုံးတွေကြည်သွားဖို့အတွက် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး အကောင်းဆုံးကြိုးစားပြုံး၍ အဖိုးကို ဖုန်းခေါ်ခဲ့သည်။ အလုပ်ခရီးကြောင့် လဝက်ကျော်အထိအဖိုးနဲ့ မဆုံဖြစ်ခဲ့ဘူး။ သူ့အဖိုးကို ဘယ်လို မကောင်းတဲ့ စကားကိုမှ မကြားစေချင်ဘူး။
"Beep— Beep— Beep"
ဖုန်းအကြာကြီးမြည်နေတာတောင် မည်သူကမှ ဖုန်း လာမဖြေခဲ့ကြဘူး။ ရှုစစ်နျန်ကို အံ့သြသွားစေသည်က အဖိုးရဲ့ခြေထောက်အခြေအနေကြောင့် ဖုန်းပြန်မဖြေသည်ဟု ထင်ကာ စိတ်ရှည်ရှည်ထားပြီး ထပ်တလဲလဲ ခေါ်တာတောင် ဖုန်းသံမြည်ပေမယ့် ဘယ်သူကမှ ဖုန်းမကိုင်လာခဲ့တာပဲ။
ဘာတွေ ဖြစ်နေတာပါလိမ့်?
ဖိုးဖိုးက မကြားဘူးဆိုရင်တောင် အိမ်မှာ အစေခံတွေ အများကြီးရှိတယ်လေ။ သူတို့တောင်မှ မကြားကြဘူးလား??
ရှုစစ်နျန် တစ်ယောက် ပိုပြီးတွေးလေလေ တစ်ခုခုက ပိုပိုပြီး မှားယွင်းလာလေလေပင်။ သူ့လက်ဖဝါးတွေက တဖြည်းဖြည်း ချွေးတွေ စို့လာပြီး ဆိုးရွားတာ တစ်ခုခုဖြစ်တော့မယ်လို့ ရုတ်တရက် စိတ်ထင့်လာ၏။ သူ အလျင်အမြန်ပဲ အဖိုး၏ ကိုယ်ပိုင်နံပါတ်ကို ပြောင်းလဲ ခေါ်ဆိုလိုက်၏။
                                      
                                   
                                              ВЫ ЧИТАЕТЕ
တန်ပြန် ( MM Translation) UNICODE
Любовные романыမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
 
                                               
                                                  