CHAPTER 11

3.4K 346 3
                                        

"ဒီနေရာက..?"

Xu Cinian တစ်ယောက် ဘေးပတ်လည်ကို ကြည့်ပြီး သူ့မျင်လုံးတို့ ပြူးကျယ်သွားရသည်။

" ဘယ်လိုလဲ ? လှတယ်မလား?"

Qu Cheng က အဝေးက အလင်းရောင်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုလုံးကို ကြည့်နေလျက် အပြုံးလေးနဲ့ သူ့ကို မေးလာခဲ့၏။

Xu Cinian ကလည်း အဝေးထိ ကြည့်ရှုနေခဲ့ပြီး အချိန်အတော်ကြာတော့မှ ဖြည်းညင်းစွာ ခေါင်းညိတ်လာခဲ့၏။

မြင်ကွင်းက တကယ်ကို လှပလွန်းလှသည်။ ဒါကြောင့် သူက ထောင်ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကိုတောင် မေ့လုနီးပါးတောင် ဖြစ်သွားရသည်။

ဒီနေရာက မြင့်မားခိုင်ခန့်တဲ့ သံကွန်ရက်တွေနဲ့ ဝန်းရံထားတဲ့ အမိုးမရှိတဲ့ ဟာလာပြင်ကြီး ဖြစ်၏။ တစ်ယောက်ယောက်က သံကွန်ရက် အနားကို ကပ်သွားမိတာနဲ့ alarm ​က မြည်လာပေလိမ့်မည်။ ဒါပေမယ့် သံကွန်ရက်တွေနဲ့ သံပြတင်းပေါက်တွေက အဝေးက တောင်တန်းကြီးရဲ့ ပုံရိပ်ကို မမြင်ရအောင်တော့ ကာမထားနိုင်ခဲ့ဘူး။

ဒီအကျဥ်းထောင်ကို Meng တောင်တန်းကြီးရဲ့ ထိပ်ဆုံးမှာ တည်ဆောက်ထားပြီး ရှေးယခင်ကတည်းက ထောင်သားတွေအတွက် နေရာကောင်းတစ်ခု ဖြစ်လေသည်။ Mengshan တောင်ကို ယင် နဲ့ ယန် ဆိုပြီး နှစ်ပိုင်းခွဲထား၏။ အကျဥ်းထောင်တည်ရှိနေရာက ​နေကို ကောင်းစွာ မြင်ရသည့်အပိုင်းတွင် ဖြစ်သည်။ ထိုနေရာသည် နေ့ရက်တိုင်း တင်းကြပ်စွာ စောင့်ကြပ်ခံထားရပြီး
Mengshan ရဲ့ မှောင်ရိပ် ဖြစ်သည်။ မတ်စောက်တဲ့ ချောက်ကမ်းပါးစွန်း ဟိုးတစ်ဖက်မှာတော့ လူတိုင်း လွတ်လွတ်လပ်လပ် သွားချင်ရာ သွားလို့ရသော နောက်တစ်ပိုင်း တည်ရှိ၏။

ချောက်ကမ်းပါးစွန်းထိပ်မှာ ၂၄ နာရီလုံး စောင့်ကြပ်ဖို့ ဗို့အားမြင့်လျှစ်စစ်ကို ထုတ်လွှတ်ထားပြီး တစ်ယောက်ယောက်က ထိုဟာကို သွားထိမိလိုက်တယ်ဆိုရင်ပဲ အချည်းနှီး အကင်ခံထားပြီးသား အသားခြောက်ဖြစ်သွားဖို့ တစ်စက္ကန့်တောင် ကြာလိမ့်မည် မဟုတ်။

ဒါကြောင့်မို့ ဒီနေရာလေးက mengshan ထောင်ရဲ့ ကန့်သတ်ဧရိယာ ဖြစ်လေသည်။ ကြားရက်များတွင် ဒီနေရာမှာ ဘယ်သူမှ ရှိမနေပါ။ ဒီအချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုတို့ ဖုံးလွှမ်းထားပြီး တောင်ခြေက ရွာငယ်လေးက နှစ်လိုဖွယ်ကောင်းစွာ တောက်ပလင်းလက်လို့ နေပေသည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now