CHAPTER 96

1.7K 178 2
                                        

ရှုစစ်နျန်ရဲ့ဦးခေါင်းခွံက ရှော့ခ်ရမှုကြောင့် ထုံထိုင်းသွားသည်။ ထို့နောက် သဲလွန်စတို့စွန်းထင်းနေတဲ့နေရာဆီသို့ ပျာပျာသလဲ အကြည့်ရောက်သွားလေသည်။ အဖိုးကြီးက ဒီလောက်အစောကြီး နိုးနေလိမ့်မယ်လို့ ချွီချန် မမျှော်လင့်ခဲ့ဘူး။ သူ့လက်ထဲက စောင်ကို သိမ်းလို့မပြီးသေးဘူး။ ပြီးတော့ ဘယ်နေရာထားရမယ်မှန်း မသိတော့ဘူး။
(စောင်မှာ သူတို့ရဲ့အရည်တွေစွန်းကျန်နေခဲ့တာပါ: XD)

" ဘာလို့ ဘာသံမှမကြားရတာပါလိမ့်? ကလေးတို့ နိုးကြပြီလား?"

တံခါးအပြင်ဘက်ကနေ အဖိုးကြီးရဲ့အသံက ထပ်ထွက်လာခဲ့ပြန်သည်။ အဲ့ဒီအချိန်မှာ တံခါးခေါက်သံက အကြိမ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ရှုစစ်နျန်လည်း ဆံပင်တွေကို ထိုးဖွလိုက်ရင်း တံခါးကို အပြေးအလွှားသွားဖွင့်ရသည်။

" ထပါပြီ..ကျွန်တော်တို့ထပြီရယ် စကားပြောနေကြလို့ အဖိုးခေါ်သံ မကြားလိုက်မိဘူး...အဖိုး တကယ်အစောကြီးနိုးနေတာပဲ"

တံခါးပွင့်သွားတော့ အဖိုးအိုက မျက်နှာပေါ်အပြုံးပန်းတို့ဝေဆာလျက် ဆန်ပြုတ်ခွက်နဲ့ဟင်းလျာတစ်ချို့ကို သယ်၍ ဝင်လာခဲ့သည်။ သူက ချွီချန်နဲ့ရှုစစ်နျန်ကို ကြည့်လိုက်ပြီး

" မနက်စာတွေလေ.. မင်းတို့လူငယ်လေးတွေ စောစောစားလို့ရအောင်...မနေ့ညက ဘယ်လိုလဲ ကောင်းကောင်းအိပ်ပျော်ကြရဲ့လား?"

မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို တွေးမိတော့ ရှုစစ်နျန် ရှက်ရွံ့သွားရသည်။ ခဏလောက်ကြာသည်အထိ သူ အဖိုအိုကို ဘယ်လိုတုန့်ပြန်ရမယ်မှန်းမသိတော့ဘူး။

မနေ့ညက အဖေကြီးသားရဲ့အိမ်အသစ်စက်စက်လေးရဲ့ဗီဒိုထဲမှာ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလေး လုပ်ခဲ့ကြပါတယ် ..တောင်းပန်ပါတယ် စိတ်မရှိဘူးမလားဟင်?
အဲ့ဒီလိုအမှန်အတိုင်းဖွင့်ပြောလိုက်လို့ရော ဖြစ်နိုင်လို့လား?

တွေးကြည့်တာနဲ့တင် တအားအရှက်မမဲ့လွန်းဘူးလား?

သူ့ရဲ့နီတစ်လှည့်၊ ဖြူတစ်လှည့်မျက်နှာလေးကိုမြင်တော့ ချွီချန်က လျန်မြန်စွာပဲ ဖြေလိုက်၏။

တန်ပြန် ( MM Translation) UNICODEDonde viven las historias. Descúbrelo ahora