CHAPTER 141

2.1K 86 6
                                        


သူတို့ရဲ့ ပထမဆုံးတွေ့ဆုံချိန်တုန်းက မကောင်းတဲ့ အမှတ်တရတွေက ချွီချန်ရဲ့ နှလုံးသားထဲမှာ စွဲထင်နေဆဲပင်ဖြစ်သည်။ ချွီချန်က သူ့ဇနီးလေးနဲ့ နှစ်သစ်ကူးမှာ ညစာ စားချင်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ့ခင်ဗျာ ပူဆွေးသောကရောက်နေရုံသာ တတ်နိုင်လေသည်။

" စစ်နျန်ရေ...ဒီအနက်ရောင်နဲ့ မီးခိုးရောင် suit လေး..ကိုယ် ဘယ်ဟာ ဝတ်သင့်လဲဟင်? နက်ခတိုင်ကိုတော့ ဒီပန်းရောင် နက်ခတိုင်ကို ဝတ်ရမယ်။ အာ.. မင်းလေးရဲ့ တရားဝင်သတိုးသားလောင်းလို ခံစားနေရပြီကွာ"

" ဒေါင်းကလေးရေ...ဒီဆံပင်စတိုင်နဲ့ ကိုယ်လိုက်ရဲ့လား? ဦးလေးကျောင်းက ဒီပုံစံကို ကြိုက်ပါ့မလားနော်? ဆံပင်နောက်လှန်ဖို့တော့ မပြောနဲ့နော်။ ကိုယ့် နဖူးမှာ အမာရွတ်ကြီး ရှိတယ်ရယ်။ လူအိုကြီးကို ခြောက်လှန့်မိသွားမှာ စိုးမိတယ်"

" ဇနီးလေးရေ...ကိုယ်လေ WOWO လေးရဲ့ ယုန်လေးအတွက်ရော မုန့်တွေ ကားတစ်စီး ဝယ်လာတယ်။ အမယ်စုံ ကားတစ်စီးအပြည့်ပဲ။ လျိုရှောင်းမောင်အတွက် အလှပြင်ပစ္စည်းရောပါတယ်။ ဒီမုန့်တွေက နှစ်နှစ်၊ သုံးနှစ်အရွယ်ကလေးလေးအတွက် လုံလောက်မယ်ထင်တာပဲ။ အော် ဒါနဲ့ စကားမစပ် ကိုယ် ဦးလေးကျောင်းအတွက်လည်း သားရေသားအနှိပ်ထိုင်ခုံဝယ်ခဲ့တယ်။ အဲ့လိုထိုင်ခုံမျိုး သူ လိုချင်တယ်ဆိုလို့လေ။ ဒီလိုလုပ်ထားမှပဲ သူ ကိုယ်တို့ကြားထဲ လာလာ မရှုပ်နိုင်မှာ။ ဟေး ဒေါင်းကလေရ..ကိုယ်ဒီလောက်ပြောနေတာကို တစ်ခုခုတော့ ပြန်ပြောပါဦးလား?"

ရှုစစ်နျန်က မျက်ခုံးကို ပွတ်သက်လိုက်ပြီး သူ့လက်ထဲက MENU ကို အောက်ချကာ ခေါင်းမော့လာခဲ့၏။

" မင်းက ငါ့ကို ဘာပြောစေချင်သေးလို့လဲ? မင်း တအားအလုပ်ရှုပ်နေတာကို ကြည့်ရတာနဲ့တင် ငါ့မျက်လုံးတွေ တအားနှောက်နေပြီး။ ဒါက ထမင်းတစ်နပ် အတူစားရုံပဲ မဟုတ်ဘူးလား? "

" ဘယ်ဟုတ်ပါ့မလဲ? ဒါက တရုတ်နှစ်သစ်ကူးမှာ ပထမဆုံးအကြိမ်အဖြစ် မင်းအိမ်ကို ကိုယ်လိုက်လည်မှာလေကွာ။ သားမက်တစ်ယောက်အနေနဲ့ မင်းအိမ်ကို လာတွေ့တာ ကိုယ့်အတွက် အဓိပ္ပာယ်အရမ်းရှိတာပေါ့"

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now