ချွီချန်ရဲ့ကားမောင်းစကေးက အဇူရာဂိုဏ်းမှာတော့ ပြိုင်ဘက်ကင်းပင်ဖြစ်သည်။ ကားမောင်းကျွမ်းကျင်တယ်လို့ ပြောကြတဲ့ လုံကောတောင်မှ သူ့ကို မယှဥ်နိုင်လေဘူး။
သူက အမာရွတ်မျက်နှာ ရှော့ခ်ရနေတာကို အခွင့်ကောင်းယူခဲ့လေသည်။ ပြီးတော့ မတိုက်ခိုက်ချင်တာကြောင့် မနီးမဝေးက တောအုပ်လေးထဲကိုသာ တိုက်ရိုက်မောင်းချလာခဲ့တာဖြစ်သည်။
" ငါ-ိုး! မင်းတို့တွေ မလှုပ်မယှက်ဘာရပ်လုပ်နေကြတာလဲ! သူ့နောက် လိုက်ကြစမ်း!"
အမာရွတ်မျက်နှာ အသိဝင်လာချိန်မှာတော့ ပစ်စတိုတကားကားနဲ့ လျှောက်ရမ်းပစ်တော့သည်။ သို့သော် သူ့ရှေ့မှာတော့ ဘာပစ်မှတ်မှမရှိတော့ဘူး။ ချွီချန်က မျက်စိတစ်ခတ်အတွင်းမှာပင် သူ့ရှေ့က တောကြီးထဲမှာ ဝင်ရောက်ပျောက်သွားခဲ့ပေပြီ။
ရှော့ခ်ရနေတဲ့လူနှစ်ယောက်က သူတို့ရဲ့ခေါင်းကို နောက်ပြန်မလှည့်ဘဲ တောလေးထဲမှာ တရစပ်မောင်နှင်လေသည်။ သူတို့က ကားအရှိန်ကို လုံးဝကို မနှေးရဲလေဘူး။ ခေါင်းမပါတဲ့ယင်ကောင်လိုပဲ နာရီပဲများစွာ ပြေးလွှားခဲ့ကြသည်။ နောက်မှာ ဘယ်သူမှ ပါမလာတာကို အတည်ပြုပြီးချိန်မှာတော့ ချွီချန်တစ်ယောက် ကားဘရိတ်ကိုဆောင့်နင်းချလိုက်တော့သည်။
ရှုစစ်နျန် အသက်ကို လုရှူနေရပြီး အခုလေးတင်ဖြစ်ပျက်သွားတဲ့အရာကနေ မလွှတ်မြောက်နိုင်သေးဘူး။ အေးချမ်းပျော်ရွှင်ပြီးကောင်းမွန်တဲ့အချိန်မှာ အခုလိုမျိုးဂိုဏ်းချင်းလက်တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူသာ လူကိုယ်တိုင်အကောင်လိုက် မကြုံခဲ့ရရင် ဒါက အိပ်မက်မက်နေတာပါလို့ တွေးမိနေဦးမှာ။
" ချွီချန် ငါတို့ ထပ်မောင်းလို့မရတော့ဘူး။ အဲ့ဒီအမာရွတ်မျက်နှာက မင်းကို ဦးတည်တယ်ဆိုကတည်းက လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး။ ငါတို့ မြန်မြန် ဒီကထွက်မှရမယ်"
ချွီချန်က ပြုံးဖြဲဖြဲနဲ့ ရှုစစ်နျန်ရဲ့ခေါင်းကို အကြိမ်အနည်ငယ်လောက် နမ်းလာသည်။
" မင်းကတော့ တကယ့်ကို ကိုယ့်ဗိုက်ထဲကအကောင်လေးပါပဲကွာ...ကိုယ်တွေးနေတာတွေကိုတောင် မင်းက သိနေတယ်...သွားကြမယ်...ကိုယ်တို့ရဲ့ဟန်းနီးမွန်းခရီးကို တောတွင်းစွန့်စားခန်းအဖြစ် ပြောင်းလိုက်ရအောင်"
YOU ARE READING
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
