CHAPTER 86

1.6K 165 16
                                        


အဲ့ဒီအချိန်မှာ လမ်းမပေါ်က အစုလိုက်ဖြစ်နေတဲ့လူဒါဇင်လောက်က ရုတ်တရက် ကမန်းကတန်းပြေးလာခဲ့ကြပြီး ဆိုင်ကယ်တွေ ၊ ကားတွေစီးကာ သူတို့​နောက် လိုက်လာခဲ့ကြတော့၏။

ရှုစစ်နျန်ရဲ့ခေါင်းက အံ့သြမှင်တက်သွားခဲ့ပြီး သူတို့နောက်ကို လိုက်လာတဲ့လူစုကြီးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

" ဘာဖြစ်တာလဲ!? သူတို့က ဘယ်သူတွေလဲ?"

" ကိုယ်မသိဘူး ဘာပဲ​ဖြစ်ဖြစ်ပါ သူတို့က ကိုယ်တို့ဆီဦးတည်တာတော့ သေချာတယ်... မကြောက်နဲ့နော် ..ကိုယ် သူတို့ကို မျက်ခြေဖြတ်ပေးမယ်"

ချွီချန်က အရှိန်ကုန်တင်ကာ မောင်းနှင်တော့သည်။ တဖြည်းဖြည်းနဲ့ လမ်းက လူသူကင်းမဲ့လာပြီး လေထုက ပိုပြီးလေးနက်အေးစက်လာခဲ့သည်။

ရှုစစ်နျန်က အခုချိန်ထိ နိုင်မလည်နိုင်သေးလေဘူး။ အခုလေးတင် သူတို့တွေ ရယ်ရယ်မောမောနဲ့စကားပြောနေခဲ့ကြပြီး Houttuynia ကို သွားဝယ်ခဲ့ကြတာကို ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုအခြေအနေ ဖြစ်လာတာလဲ?

သူက ကားအမိုးလက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းတစ်ချက်ရှူရှိုက်ကာ စိတ်ကိုလျှော့ချလိုက်၏။

" သူတို့တွေ ဘယ်ကပေါ်လာလဲဆိုတာ မင်းမြင်လိုက်လား? ငါအသက်ရှင်တာကိုသိပြီး​တော့များ  ငါ့ကိုသတ်ဖို့ ရှုရှင်းနျန်ကလွှတ်လိုက်တာများလား?"

သူ့စကားဆုံးဆုံးချင်းမှာပဲ မော်တော်ဆိုင်ကယ်တစ်စီးက အလွန်လျင်မြန်စွာ ဒုန်းစိုင်းလာခဲ့ပြီး သံချောင်းတစ်ချောင်းကို ဆွဲထုတ်ကာ ကားပြတင်းမှန်ကို ရိုက်လာခဲ့၏။ ချွီချန်က စတီယာရင်ကို ဆောင့်ကိုင်လျက် ကားကို ၁၈၀ ဒီဂရီသို့ လှည့်ပစ်လိုက်ပြီး လမ်းကျဥ်းလေးထဲကို မောင်းချလျက် ထိုလူတွေကို နောက်မှ ကျန်ရစ်စေခဲ့လေသည်။

ချွီချန် နူတ်ခမ်းစွန်းတို့ တွန့်ကွေးလျက် ပြုံးပြလာခဲ့သည်။ သူ့ရဲ့ရှည်မျောမျောမျက်လုံးတို့က သွေးဆူနေတဲ့ကျားသစ်တစ်ကောင်လို အမှောင်ထဲမှာ တလက်လက်​တောက်ပနေခဲ့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now