CHAPTER 80

2.2K 221 1
                                        


သူ ဆေးလုံးဝမသုံးပါဘူး၊ ရှုရှင်းနျန်ကို ဘယ်တုန်းကမှ တွန်းအားမပေးခဲ့ဖူးဘူး ဆိုတာကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့လေသည်။ သို့သော် သူ့မျက်နှာကိုပြန်ရဖို့အတွက် သူ့မှာ ဘာသက်သေမှမရှိလေဘူး။ ရှုရှင်းနျန်က သူ့ကို ချောက်ချခဲ့တဲ့အကြောင်း မရေမတွက်နိုင် သူ အော်ဟစ်ပြောဆို၏။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို ဂရုမစိုက်ခဲ့လေဘူး။

ထိန်းသိမ်းရေးစခန်းထဲမှာ သူ ထိုင်နေရင်းနဲ့ ပတ်ပတ်လည်ကနံရံကို ကြည့်ကာ မကြုံစဖူးစိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ သူ့အမှုက လပတ်အနည်းငယ်လောက် စစ်ဆေးလေပြီး သွေးနဲ့ဆီးစစ်ဆေးချက်တွေ အားလုံးကလည်း positive ထွက်လေသည်။ သူ့အိမ်မှာတွေ့ရှိခဲ့တဲ့ အဖြူမှုန့်က နည်းနည်းလေးဆိုပေမယ့် ထိန်းချုပ်ရေးစခန်းမှာ ထိန်းချုပ်ထားတဲ့အထိဖြစ်သွားခဲ့သည်။ အကယ်၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရရင် သူ ထောင်ထဲမှာ သုံးလလောက်နေရမည်ပင်။

သူ့ဘဝကြီးက အဆုံးသတ်သွားပြီဆိုတာ သူသိလိုက်၏။  ရှုရှင်းနျန်က သူ့ကိုထောက်ခံပြီး အမှန်အတိုင်းပြန်ပြောရင်တောင် သူ့ဘဝက ဘာမှထူးခြားလာတော့မှာမဟုတ်ဘူး။ ဒါပေမယ့် အချိန်အတော်ကြာစောင့်ဆိုင်းပြီးချိန်မှာတော့ အရာအားလုံး သူ့အပေါ်မှီခိုအားကိုးတတ်တဲ့၊ သူ့ကို ထောက်ထားညှာတတာပြီး နူးညံ့သိမ်မွေ့တဲ့ အဲ့ဒီလူက အကြင်နာမဲ့ရက်စက်လွန်းလှသည်။ အကြမ်းကြုတ်ဆုံးဓားတစ်ချောင်းနဲ့ သူ့က်ု ထိုးပြီး ခုနစ်နှစ်တာ သူတို့ရဲ့ခံစားချက်ကို ငြင်းဆန်ခဲ့ရုံသာမက သူ့ကိုသူကာကွယ်ဖို့ ရက်စက်လှသော နည်းလမ်းကိုသုံး​ကာ သူ့ကို ထောင်ထဲပို့ဖို့ ချောက်​တောင်ချခဲ့လေသည်။

အား...

တုန်ဖန်းက ခနဲ့တဲ့တဲ့လှောင်ပြုံးပြုံးလေသည်။ သူက သူ့ရဲ့မုတ်ဆိတ်မွှေးငုတ်တိုတွေနဲ့မျက်နှာကို ဖုံးကွယ်လိုက်ပြီး မခံမရပ်ဖြစ်စွာဖြင့် သူ့ရဲ့ဒူးကိုသာ ဖက်ထားလိုက်လေသည်။

သူထင်ခဲ့တာက ရှုစစ်နျန်က တကယ်ကို အကြင်နာတရားမဲ့သည်လို့ပေါ့။ သူက စိတ်ဆိုးဒေါသတွေဘာတွေမရှိသလို နှစ်ပေါင်းများစွာအတူတူနေခဲ့ကြတဲ့ သူ့အပေါ်ကိုတောင် အေးစက်စက်နဲ့မထူးမခြားနား ဆက်ဆံလေသည်။ သူက ဂရုစိုက်နွေးထွေးမှုဆိုတဲ့စကားလုံးကို​တောင် ဘယ်လိုဖော်ပြရမယ်မှန်းမသိလေဘူး။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now