နေ့ရက်တိုင်းလိုပဲ ရှုရှင်းနျန် မှာက ကောင်းမွန်ပြီး အန္တရာယ်ကင်းတဲ့ ပုံရိပ်လေး ရှိသည်။ဘယ်လိုလုပ် သူ့မှာ ဆန့်ကျင်ဘက် ပုံရိပ်လေး ရှိနိုင်မှာလဲ ။ လက်သီးထိုးနှက်ချက်တစ်ခုက ရှုရှင်းနျန်ကို ကတိကအောင့်ဖြစ်စေပြီး မြေကြီးပေါ်လဲကျသွားစေခဲ့၏။ သူ့မျက်လုံးဝိုင်းလေးတွေက အမုန်းတရားတွေ ပြည့်နှက်နေခဲ့ပြီး သူ့လက်ဖဝါးမှာလဲ ချွေးတွေနဲ့ စတင်စိုစွတ်လာခဲ့သည်။
အခု သူက ရှုရှင်းနျန် မဟုတ်ဘူး ဆိုတာကို လူအိုကြီးနဲ့ ရှုရှင်းနျန် နှစ်ယောက်သာ သိသည် ။ ဒါကို တိုက်တိုက်ဆိုင်ဆိုင်ပဲ အသံ record ဖမ်းထားခဲ့သေး၏။ တကယ်လို့ အဲ့ဒီ recording သာ အပြင်ရောက်သွားခဲ့ပါလျှင် သူက ထောင်ထဲ သွားရရုံသာမက ကြွက်ဖြူလေးအစား အချို့သော သုတေသနလုပ်ငန်းအတွက် အစမ်းသပ်ခံ သတ္တဝါလေးအဖြစ် အဖမ်းဆီးပါ ခံရလိမ့်မည်။ အလွယ်တကူပဲ အသက် ထပ်ရှင်လာခဲ့ပေမယ့် ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးပေးမည်မဟုတ်။
ရှုစစ်နျန်က လက်သီးတစ်ချက် ပစ်သွင်းပြီးတော့ ထပ် မတိုက်ခိုက်ချင်တော့ဘူး။ ဒီအယောင်ဆောင် ရှုရှင်းနျန်ကို ရှင်းထုတ်ဖို့ အချိန်တွေ ပေါပေမယ့် အဖိုးXu အတွက်ကျ မတူတော့ ။ သူ ရှုရှင်းနျန်အား အဝေးကို ကန်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက် လဲကျနေတဲ့ သူ့အဖိုးဆီ ပြေးသွားလိုက်သည်။
" ဖိုးဖိုး..ခဏလေးပဲ စောင့်နော်..ကျွန်တော် ချက်ချင်း ဖိုးဖိုးကို ဆေးရုံခေါ်သွားပေးမယ်..ဒီလူကိုလဲ ကျွန်တော်ကိုယ်တိုင် ရဲလက်အပ်မှာမို့ ဖိုးဖိုး စိတိမပူနဲ့ နော် "
Mr.Xu က ဖျော့ဖျော့လေး ပြုံးလိုက်ကာ သူ့လက်ကို ဆုပ်ကိုင်လာခဲ့၏။ ထို့နောက် သူ့အင်္ကျီကော်လာထဲကနေ ဖုန်းလေးတစ်လုံးကို ကတုန်ကယင်နဲ့ ထုတ်လိုက်သည်။ သူ့နုတ်ခမ်းစွန်းတွေက ချောင်းဆိုးမှုကြောင့် သွေးတွေ စွန်းနေခဲ့လျက်။
" ရဲ...ရဲလက် အပ်..ပြီး..မင်းအဖေကို..ပြောလိုက်..သူက.. သူက.."
နောက် စကားလုံးကိုတောင် အဖိုးXu က ဆက်မပြောနိုင်ရှာတော့ဘူး။ လှေကားကနေ တရွတ်တိုက် ဆွဲခေါ်ခံလာခဲ့ရတာကြောင့် သူ့အဆုတ်တွေက နာကျင်နေခဲ့သည်။ အဲ့ဒီအချိန်မှာ အဖိုးရှုက ပါးစပ်အပြည့် သွေးတွေ အန်ထုတ်လိုက်တာကြောင့် ရှုစစ်နျန် တအားကို ကြောက်ရွံ့သွားခဲ့၏။ ထို့နောက် ချက်ချင်း သူ့နားတွေ အူလာခဲ့ပြီး သူ့နှလုံးသားတစ်ခုလုံး မုန်းတီးမှုနဲ့ နာကျင်မှုတို့ ပြည့်နှက်လာတော့သည်။ ရှုစစ်နျန် က အဖိုး Xu ကို ကုန်းပိုးလိုက်ပြီး ဒေါသတကြီးနဲ့ ရှုရှင်းနျန် ဘက် လှည့်ကန်လိုက်လေ၏။ ထို့နောက် လှေကားဆီသို့ ဦးတည်လာခဲ့သည်။
ESTÁS LEYENDO
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
