CHAPTER 126

1.7K 130 1
                                        


ချန်စန်း က ဘာမှ မပြောဘူးဆိုလျှင်တောင် ကိုယ်ရံတော်တွေအများကြီးကို သူခေါ်မလာရဲပေ။ရှုအိမ်တော်ကို လူအများကြီး​ခေါ်လာခြင်းက ရှုကျောင်းအို ရဲ့ သံသယကို တိုးစေမည်ကြောင့်ပင်။လူပိုများများရှိလေ ဒီအကြောင်းကို လူပိုများများ သိလေဖြစ်သည်။သူထိုကဲ့သို့ မဖြစ်ချင်။ဒါက အလောင်းအစားပဲလေ။ပြီးတော့ သူထိုအကြောင်းကိုတွေးမိပြီးနောက် သူနားလည်လိုက်တာတစ်ခုက ချန်စန်း ဆိုတဲ့ ဒီကောင်ငယ်လေးက ငွေရဖို့ကြိုးစားနေတာပဲ ဖြစ်သည်။သူ့ကို လုံလောက်တဲ့ပမာဏ​ပေးထားပြီးတာတောင် သူက သူ့ဘဝကို ဒီလို အရှုံးပေးမည်မဟုတ်သည်မှာ အသေအချာပင်။ အခြားသူများကိုပါ သူနဲ့အတူ ရေထဲဆွဲချသွားမည်ဖြစ်သည်။

အကျိုးနှင့် အပြစ်ကို ချိန်ဆပြီးနောက် ရှုရှင်းနျန်က ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သူက လက်ကိုဆန့်ထုတ်ကာ တစ်ချက်ပုတ်လိုက်ပြီး ကားသမားအားပြောလိုက်သည်။

"U ပုံစံကွေ့လိုက် ၊ ငါတစ်နေရာကို သွားမယ်"

မြို့အနောက်ဘက် အသုံးမပြုတော့သည့် စက်ရုံဟောင်းဆီရောက်တဲ့အခါတွင်ကား ရှုရှင်းနျန်က ကားသမားကို ထိုနေရာနဲ့ဝေးသည့် လမ်းတစ်ဖက်ဖက်တွင် ရပ်ရန်ပြောပြီး စက်ရုံဟောင်းထဲသို့ တစ်ယောက်တည်း ဝင်ခဲ့​သည်။

သူ ချန်စန်း ကိုတွေ့သည့်အခါ ချန်စန်းပုံစံက အလွန်ဆိုးရွားနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေနှင့် ပြည့်နှက်နေကာ လက်ချောင်းနှစ်ချောင်းက အချိုးခံထားရသည်။ဒါကို မြင်လိုက်သည့်အခါ ရှုရှင်းနျန်တစ်ယောက် ရှော့ခ်ရသွားသည်။ သူအကူအညီမပေးချင်သလို ဒီအရူးနဲ့လည်း ထပ်ပီး မညှိနှိုင်းလိုပေ။သို့သော် သူ ဒီနာမည်ကို ထပ်ခေါ်ရပေအုံးမည်။ တစ်ယောက်တည်းသွားတွေ့ရုံကလွဲပီး သူ့မှာတစ်ခြားနည်းလမ်း မရှိတော့ပေ။

"ငွေက ဒီမှာ၊ မင်းဘာသာရေတွက်ကြည့် ရေကြည့်ပီးတာနဲ့ ငွေကိုယူပီး ထွက်သွားတော့"

သူ့ကို မမှတ်မိစေရန် ရှုရှင်းနျန်က မျက်နှာဖုံးတပ်ထားပီး ဦးထုပ်ပါဆောင်းထား၏။ သူက လက်ကိုဆန့်ထုတ်ကာ ငွေကို ကြမ်းပြင်ပေါ် ပစ်ချလိုက်လေရာ ပန်းရောင်ဘဏ်စာအုပ်အထပ်လိုက်က ချက်ချင်းပြန့်ကြဲသွားလေတော့သည်။

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now