✡11 , [Father and son meet]
သူက ဒီကို ဘာလာလုပ်တာလဲ?
အဖေနဲ့သားက နှစ်ပေါင်းများစွာကြာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့ကြဘူး။ Xu Cinian တစ်ယောက် တောင့်တင်းလျက် ထိုနေရာကိုသာ စိုက်ကြည့်နေခဲ့ပြီး သူ့ခေါင်းက ဗလာဖြစ်နေလေသည်။
သူကလေးဘဝကတည်းက အရွယ်ရောက်သည်အထိ ဖိုးဖိုးကပဲ ခေါ်ယူကာ လူလားမြောက်စေခဲ့သည်။ ဒါကြောင့် သူ့ဘဝထဲမှာ နူးညံ့တဲ့ အမေနဲ့ အဖိုးကသာ ရှိသည်။ သူ့မှာ ရှားရှားပါးပါး အိမ်ကို ပြန်လာတတ်တယ်ဆိုတဲ့ အဖေကတော့ မရှိလေဘူး။ အဖေဆိုတဲ့စကားလုံးက သူ့အတွက်တော့ စာဆန်ဆန် စကားလုံးတစ်ခုသာသာပဲ။ အဓိပ္ပါယ်ကတော့ သူတို့ကြားထဲမှာ ဘယ်လို ရင်းနှီးမှုမှ မရှိလေဘူး။
ငယ်ငယ်တုန်းက သူ သူ့အမေဆီ မေးခဲ့တာကို သတိရပါသေးသည်။ သူ့အဖေက ဘာလို့ သူ့ကို မကြိုက်ရတာလဲ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် သူပြန်ရခဲ့တဲ့ အဖြေက သူ့အမေရဲ့ မျက်ရည်တွေနဲ့ လူတိုင်းရဲ့ တိတ်ဆိတ်နေမှုပဲ။ လူတချို့ကတော့ သနားဂရုဏာသက်တဲ့ အကြည့်တွေနဲ့ ပြောမပြနိုင်တဲ့ ရှုပ်ထွေးမှုတွေနဲ့ သူ့ကို ကြည့်နေခဲ့ကြသည်။ အဲ့ဒီမှာ သူ့ကို ပြောမပြနိုင်တဲ့ ဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်တွေ ရှိနေလေသည်။ အဲ့ဒီအကြောင်းစကားစလိုက်သည်နဲ့ လူတိုင်းက ကံဆိုးသလို ဖြစ်နေကြလိမ့်မည်။ သူ့အဖေရဲ့ ဥပက္ခာပြုမှုတွေက အကြောင်းအရင်းတစ်ခု ဖြစ်လာပြီး လူတိုင်းက လှစ်ထွက် သွားကြလိမ့်မည်။
နောက်တော့ သူ ဒီမေးခွန်းကို ထပ်မမေးတော့ဘူး။ သူတွေးလိုက်တာက သူက လုံလောက်အောင် မတော်လို့ ဆိုပြီးတော့ပေါ့။ သူ အရာရာမှာ ပြီးပြည့်စုံသွားတဲ့ တစ်နေ့မှာ သူ့အဖေက သူ့ကို ပြန်လှည့်ကြည့်လိမ့်မည်လို့ တွေးခဲ့သည်။
ကံဆိုးစွာဖြင့် တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ၊ နေမကောင်းဖြစ်ပြီး သူ့အမေ သေဆုံးသွားသည့်တိုင်အောင် ၊ ကုမ္ပဏီကို သူ့အဖိုးဆီကနေ လက်လွှဲယူခဲ့သည့်တိုင်အောင် သူ့အပေါ်ထားတဲ့ သူ့အဖေရဲ့ သဘောထားကတော့ ထွေးထွေထူးထူး ပိုကောင်းမလာခဲ့သည့်အပြင် ကုမ္ပဏီမှာ သူ့ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် သူ့အပေါ် ပို၍ ဆိုးရွားလာခဲ့၏။ သူ့ကို ပိုတောင် ငြင်းဆန်ခဲ့ပြီး ပိုပြီးတောင် ရွံရှာပြခဲ့၏။
                                      
                                  
                                              ESTÁS LEYENDO
တန်ပြန် ( MM Translation) UNICODE
Romanceမျက်နှာ နှစ်ဖက်ရှိတဲ့ ခွေးမတစ်ကောင်နဲ့ အချစ်ပြိုင်ဘက်ဖြစ်ရတာက ကြောက်စရာ မကောင်းပါဘူး။ ကြောက်စရာကောင်းတာက အဲ့ခွေးမက သူ့ညီငယ်လေး အဖြစ် လူဝင်စား ဖြစ်နေတာပဲ ။ အဲ့ဒီ 'ညီငယ်လေး ' ဆိုသူကြောင့်ပဲ ချစ်သူကို ဆုံးရှုံးရတယ်။ အဖိုးကလည်း ကြောက်စရာ အသေဆိုးနဲ့ ကြုံ...
