အပိုင်း - ၃

1K 43 0
                                    

#Unicode

ရွှေအိုရောင်နေရောင်ခြည်များ ဖြာကျနေသည့် ယနေ့သည် ခါတိုင်းနေ့များထက် ပိုမိုသာယာနေ၏။အိမ်‌တော်၏အပန်း‌ဖြေစံအိမ်သည် မြို့ပြနှင့် မနီးမဝေးနေရာ၌ တည်ဆောက်ထားတာကြောင့် ကားအသွားအလာရှိသော်လည်း မြို့ထဲတွင် နေရသည်ထက်တော့ ဖုန်နည်းပြီး လေကောင်းလေသန့်ရလေသည်။

စံအိမ်ထဲသို့ ဝင်ဝင်ချင်း ကြိုဆိုလာသည့် အိမ်တော်ထိန်းကို Mitchell ခေါင်းညိတ်ပြလိုက်ကာ သူ့ကို အခေါ်လွှတ်လိုက်သည့်လူ ရှိနေမည့်နေရာကို ဆက်လျှောက်လာခဲ့လိုက်သည်။ညနေခင်းသို့ ရောက်တော့မည်ဖြစ်တာကြောင့် မည်သည့်နေရာတွင် ရှိနေသည်ကို ‌မမေးမြန်းဘဲနဲ့ပင် သူသိနေပါ၏။

ပဟေဠိဆန်သော ပန်းကနုတ်များဖြင့် ပြုလုပ်ထားသည့် စံအိမ်၏အနောက်ဘက်တံခါးကို ဖွင့်လိုက်တော့ အနီရောင်သွေးပင်လယ်ကြီးသဖွယ် လှပစွာ တည်ရှိနေသော Lycorisပန်းများကို မျက်စိတစ်ဆုံး တွေ့မြင်လိုက်ရလေသည်။

နူးညံ့ညင်သာသော လေညင်းတစ်ချက်အဝှေ့တွင် ပန်းများ၏သွယ်လျသော ပန်းဖတ်နှင့် ရိုးတံများက လေ၏ဦးတည်ချက်အတိုင်း အနည်းငယ် ယိမ်းယိုင်သွား၏။ထို့အတူ သာယာသော သီချင်းညည်းသံ‌လေးကလည်း လေညင်းနှင့်အတူ သူ၏အနားသို့ သိမ်မွေ့စွာ ရောက်ရှိလာလေသည်။

Mitchell မျက်လုံးမှိတ်လိုက်ရင်း ထိုသာယာသော အသံလေးကို အာရုံစိုက်လိုက်သည်။ထိုအခါ သူ၏ နှုတ်ခမ်းပေါ်၌ ပျော်ရွှင်နှစ်သက်သော အပြုံးတစ်ခုက မသိလိုက်ခင်၌ ချိတ်ဆွဲလျက်ဖြစ်သွား၏။

ထိုလူသားလေး၏ ပျော်ရွှင်ဖွယ်အချိန်လေး မပျက်စီးသွားစေရန် သူ၏ခြေသံကို အတတ်နိုင်ဆုံး ဖော့‌လိုက်ပြီးနောက် အနီရောင်ပန်းပင်လယ်ကို ဖြတ်သန်းရင်း သီချင်းညည်းသံလေး ပေါ်ထွက်နေသည့်နေရာသို့ Mitchell ဦးတည်သွားလိုက်သည်။

တစ်နေရာသို့ အရောက်၊သူ၏ခြေလှမ်းများက အလိုအလျောက် ရပ်တန့်သွားမိပြီး မိမိ၏အရှေ့တည့်တည့်ရှိ တော်ဝင်ဆန်သည့်ပုံရိပ်အား Mitchell အပြုံးဖြင့် ကြည့်နေမိတော့သည်။

နေရောင်ခြည်များက ထိုလူသား၏အပေါ်သို့ ဇာပါးလေး လွှမ်းခြုံထားသယောင် ဖြာကျနေပြီး ရှည်လျားသော ရွှေအိုရောင်ဆံသားများကို ပိုမိုရွှေရောင်သန်းကာ တောက်ပစေ၏။ သို့ရာတွင် လှပသော ကျောက်စိမ်းရောင် မျက်ဝန်းတစ်စုံကတော့ သခင်ဖြစ်သူ၏ဆန္ဒအရ မျက်ခွံဖြင့် ဖုံးအုပ်ခံထားရကာ ပန်းနုရောင်နှုတ်ခမ်းပါးလေးမှာလည်း ညင်သာသောအပြုံးလေး တွဲခိုလျက် သံစဉ်လေးတစ်ခုကို ပျော်မြူးစွာ သီဆိုနေလေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now