အပိုင်း - ၂၃

351 16 3
                                    

#Unicode

ဘေးပတ်ဝန်းကျင်ကို အသေအချာ အာရုံစူးစိုက်ရင်း ကားမောင်းနေသော မှိုင်းဟန်မြခေတ်သည် အကြောင်းပြချက်တို့မရှိပါဘဲ ရုတ်တရက် စိတ်ခံစားချက်တို့ လေးလံသွားရ၏။မသိစိတ်အရ မောင်းနှင်နေသည့်အရှိန်ကို မြှင့်တင်လိုက်ကာ မသိလိုက်ပါဘဲ ဘယ်ဘက်နားရှိ မြေခွေးနားကပ်လေးကို မှိုင်းဟန်မြခေတ် အသာပွတ်သပ်လိုက်မိသည်။ဤနားကပ်လေးမှာ သူ့လူများက ကိုယ်တိုင်ဒီဇိုင်းဆွဲ၍ လက်ဆောင်ပေးထားသော နားကပ်လေးဖြစ်သည်။

ရုတ်ခြည်းထိုးတက်လာသည့် စိတ်ပူပန်မှုများကြောင့် မှိုင်းဟန်မြခေတ်သည် စိတ်သက်သာလို့သက်သာရငြား လေပူတစ်ချက် မှုတ်ထုတ်ရင်း ခပ်မြန်မြန်ရောက်စေရန် လမ်းခရီး၌သာ အာရုံစိုက်လိုက်တော့၏။

'ခဏပဲ‌တောင့်ခံထားကြ..ငါလာနေပြီ..'

သိသိသာသာ လေးနက်သွားသော လေထုကြောင့် ဘေးပတ်ဝန်းကျင်ကို မျက်လုံးရှင်ရှင်ထား၍ သတိထားစောင့်ကြည့်နေသော ညဉ့်ယံသွင်သည် ဘေးဘက်ကို လှည့်ကြည့်လိုက်သည်။ထိုအခါ ခါတိုင်းလို မျက်မှောင်ကျုံ့ထားခြင်းနှင့်ကွာခြားစွာဖြင့် လေးနက်တည်ကြည်နေသော မှိုင်းဟန်မြခေတ်၏ ဘေးတိုက်မျက်နှာကို မြင်လိုက်ရ၏။

ယခုလို တည်ကြည်နေပုံကို ပထမဆုံးမြင်လိုက်ရတာကြောင့် ညဉ့်ယံသွင် ပုံမှန်ထက် ခပ်ကြာကြာ စိုက်ကြည့်မိသွားလေသည်။မှိုင်းဟန်မြခေတ်သည်လည်း မိမိကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကို ခံစားမိနေတာကြောင့် ခါတိုင်းလို ဘဝင်မကျသည့် မျက်နှာထားအသွင်သို့ ချက်ချင်းပြန်ပြောင်းသွား၏။

ထို့နောက် ကားလမ်းမပေါ်မှ မျက်နှာမလွှဲဘဲ ခပ်ရွဲ့ရွဲ့လေသံဖြင့် ပြောလာသည်။

"ဘောပဲ..၊ ီးမလို့ စိုက်ကြည့်နေတာလား?"

ထိုအခါ မိမိ၏အပြုအမူကို သတိထားမိသွားသော ညဉ့်ယံသွင်က ချောင်းအသာဟန့်ကာ မျက်နှာကိုတစ်ဖက်လွှဲသွား၏။ပြီးခါမှ ရိုင်းစိုင်းလှသောစကားကို သတိပြုမိသွားပြီး မဲ့ပြုံးဖြင့် ပြန်လည်ချေပလာသည်။

"အကယ်၍..ငါသာ မင်းပြောသလို 'ီးမလို့ စိုက်ကြည့်နေတာ'ဆိုရင်..ငါ စိုက်ကြည့်နေတဲ့မင်းက လိင်အင်္ဂါပေါ့?.."ဟူ၍ မေးခွန်းထုတ်ဟန် ပြောဆိုပြီးနောက် ညဉ့်ယံသွင်သည် သက်ပြင်းတစ်ချက်ချလျက် စာနာထောက်ထားဟန် ခေါင်းခါယမ်းလိုက်သည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now