အပိုင်း - ၁၆

407 14 2
                                    

#Unicode

"တောင်းပန်တယ်"ဟု ပြောပြီးသည်နှင့် ညဉ့်ယံသွင်သည် အနောက်ကို ချာခနဲ လှည့်ထွက်သွားလေသည်။

မိမိ၏အမှားကိုပင် ကောင်းကောင်းမွန်မွန် တောင်းပန်မသွားသော သားဖြစ်သူကိုကြည့်ရင်း Pesno သက်ပြင်းရှည်ကို ချမိတော့သည်။ထပ်မံ၍ အတင်းအကျပ် လုပ်ခိုင်းပြန်လျှင်လည်း မှိုင်းဟန်မြခေတ်အပေါ်၌ အငြိုးအတေး ပိုထားလာမည်ကိုစိုးသဖြင့် Pesno ရှေ့တိုး၍မရ၊နောက်ဆုတ်၍မရ ဖြစ်နေရ၏။ထို့ကြောင့် ယခုအခါမှာလည်း သူကသာ ကိုယ်စား တောင်းပန်လိုက်လေသည်။သို့သော် တစ်ချိန်ချိန်မှာတော့ ဤကိစ္စများကို ချောချောမွေ့မွေ့ ပြီးစေရန် သူလုပ်ရပေဦးမည်။

"ထင်မြင်ချက်တစ်ခု ပြောစရာရှိတယ်.."လို့ အနည်းငယ် လေးနက်သောအသံဖြင့် ပြောလာတာကြောင့် မှိုင်းဟန်မြခေတ် နားထောင်နေသည်ဟူသည့်သဘောဖြင့် ထိုလူကို ကြည့်လိုက်သည်။

"အခုမြင်နေရတဲ့..ဇောက်ထိုးချိတ်ခံထားရတဲ့လူတွေက..မင်းရဲ့ဂိုဏ်းကလို့..ကိုယ်တို့ သံသယရှိတယ်.."

ထိုစကားကြောင့် မှိုင်းဟန်မြခေတ် မျက်မှောင်တို့ကို တွန့်ချိုးလိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်၏။ထိုအခါမှ ထိုတွဲလောင်းလူများ၏ ခန္ဓာကိုယ်အချိုးအစားများမှာ ရင်းနှီးနေသည့်အသွင်အပြင် ရှိနေကြလေသည်။ချက်ချင်း အနားကိုတိုးသွားလိုက်ပြီး ညာဘက်အစွန်ဆုံးလူ၏ပါးစပ်ထဲရှိ အဝတ်စကိုဖယ်၍ မှိုင်းဟန်မြခေတ် စစ်ဆေးလိုက်သည်။

မျက်နှာများကို တစ်ခါမြင်ရုံနှင့်မှတ်မိသည့် စွမ်းရည်အရ ဇောက်ထိုးပုံစံသာမြင်ရသော်လည်း ထိုလူမှာ သူတို့ဂိုဏ်း၏ပြန်ပေးဆွဲရန်အတွက် သီးသန့်ဖွဲ့ထားသော အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း မှိုင်းဟန်မြခေတ် သိလိုက်သည်။လျှာကိုက်တော့မည့်ဟန် လှုပ်ရှားလာသည့်လူကြောင့် ပါးစပ်ထဲသို့ အဝတ်စကို ပြန်ထိုးထည့်လိုက်ရင်း မှိုင်းဟန်မြခေတ် ပြောလိုက်သည်။

"သံသယမှန်တယ်..ကျွန်တော်တို့ဂိုဏ်းကပဲ"

သူ၏စကားကိုကြားတော့ ထိုတွဲလောင်းအရာများမှာ ငြိမ်သက်နေရာကနေ ထပ်မံ၍ ဆူဆူညံညံလုပ်လာကြတော့သည်။'ဂိုဏ်းတူသားအချင်းချင်း ငါတို့ကိုကူညီ'ဆိုသည့် အကြည့်များဖြင့် မှိုင်းဟန်မြခေတ်ကို ကြည့်နေကြကာ လွတ်မြောက်ရန်အတွက် ရုန်းကန်လှုပ်ရှားနေကြလေသည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now