အပိုင်း - ၃၁

229 15 0
                                    

#Unicode

ညင်သာသော လေညင်းလေးများက ခန္ဓာကိုယ်ကို အသာအယာ ဖြတ်တိုက်သွားကြသည်ကို သူခံစားရသည်။ငှက်ကလေးများက တစာစာအသံပြု၍ အချင်းချင်း စကားပြောနေကြသည်ကို သူကြားရသည်။ချိုမွှေးသော ပန်းရနံ့လေးများက သူ၏နှာခေါင်းဝ၌ ကလူကျီစယ်နေကြသည်ကို သူသိရှိသည်။ထို့အတူ မြင့်မားသောအရပ်မှ စီးဆင်းလာပုံရသည့် ရေတို့စီးကျသံမှာလည်း သူ၏စိတ်ကို တည်ငြိမ်စေလေ၏။

မျက်လုံးတို့ မဖွင့်ဟရသေးခင်မှာပင် မိမိ၏အတွေးထဲ၌ ရှင်းလင်းစွာ ပုံဖော်၍ရနေသော အနှီအရာများသည် ပထမဆုံးဟုထင်ရသော်လည်း တစ်ချိန်တည်းမှာပင် ရင်းနှီးမှုကို ပေးစွမ်းနေပြန်၏။ရုတ်တရက်ဆိုသလို နူးညံ့သော တစ်စုံတစ်ရာသည် သူ၏မျက်ခွံတို့ကို ခပ်ဖွဖွ ထိတွေ့လာလေသည်။ထိုအချိန်မှပဲ မျက်လုံးတို့ကိုဖွင့်ဟရန် သတိရသွားကာ လေးလံနေသော မျက်ခွံတို့ကို စိတ်၏ခွန်အားဖြင့် မှိုင်းဟန်မြခေတ် 'မ'တင်လိုက်မိသည်။

မျက်လုံးဖွင့်လျှင်ဖွင့်ချင်း၊ သူ၏အမြင်အာရုံကို အပြေးအလွှား လာရောက်ဆီးကြိုသည်က စူးရှသော အလင်းတန်းများဖြစ်၏။ထိုအခါ မျက်ကြည်လွှာ၏ အထိအခိုက်မခံမှုက မျက်မှောင်တို့ကို အလိုလို ကျုံ့သွားစေလေသည်။လက်တစ်ဖက်ဖြင့် မျက်နှာကိုကာရင်း နောက်ထပ် လက်တစ်ဖက်ဖြင့် ဘေးပတ်ပတ်လည်ကို စမ်းမိတော့ လက်၏ထိတွေ့မှုမှတစ်ဆင့် မိမိ၏အောက်တွင် မြက်ခင်းပြင်ရှိနေမှန်း မှိုင်းဟန်မြခေတ် သိလိုက်ရသည်။ လှဲနေရာမှ မှိုင်းဟန်မြခေတ် ထထိုင်လိုက်ပြီး အလင်းရောင်နှင့်အသားကျအောင် ခဏတာ ငြိမ်သက်နေလိုက်သည်။

ပြီးခါမှ ဘေးဘီဝဲယာကို မှိုင်းဟန်မြခေတ် စူးစမ်းမှုဖြင့် ဝေ့ကြည့်လိုက်မိ၏။ထိုအခါ ပတ်ဝန်းကျင်၏ပုံရိပ်သည် သူ၏အတွေးထဲက‌နှင့် တစ်ထပ်တည်းဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ဤနေရာကို မကြာခဏရောက်ဖူးသည့် ခံစားချက်တို့က မှိုင်းဟန်မြခေတ်၏စိတ်ထဲ၌ ဖြစ်တည်လာပြီး မတ်တတ်ထရပ်လိုက်သည့်တစ်ခဏ၌ လူသွားလမ်းလေးတစ်ခုက သူ၏ခြေထောက်အောက်တွင်ရှိသော မြက်ခင်းပြင်ပေါ်တွင် ရုတ်ခြည်းပေါ်လာ၏။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now