အပိုင်း - ၁၉

370 20 2
                                    

#Unicode

မနက်ခင်း၏နေရောင်ခြည်က မျက်နှာပေါ်သို့ ကျရောက်လာသည်နှင့် မှိုင်းဟန်မြခေတ်၏မျက်ဝန်းတို့သည် ဖျတ်ခနဲ ပွင့်ဟလာကြသည်။နေရောင်အောက်တွင် အရောင်ပိုတောက်နေသော နီရဲရဲ မြကျောက်ရောင် မျက်ဝန်းများက ကျောက်မျက်ရတနာများပမာ တလက်လက် တောက်ပနေလျက်ရှိသော်ငြား မျက်ဝန်း၏အကြည့်များကတော့ အသက်မဲ့နေ၏။

ဗလာဖြစ်နေသော မျက်နှာထားနှင့်ပင် ထထိုင်လိုက်ပြီးနောက် မိမိ၏လက်နှစ်ဖက်ကို မည်သည့်ခံစားချက်မှ မပါဘဲ မှိုင်းဟန်မြခေတ် စိုက်ကြည့်နေမိသည်။ခဏအကြာမှ တိမ်ဖုံးလွှမ်းနေသယောင် အနီရောင်မြ‌ကျောက်မျက်လုံးများက တိမ်ကင်းစင်သွားသည့်နှယ် အသိဝင်လာသလို ရှိလာလေ၏။

အသိမဝင်ခင်ကတည်းက ကြည့်နေမိခဲ့သော သူ၏လက်နှစ်ဖက်လုံး၌ လက်ထိပ်များတွင် အနာကပ်များ ရှိနေကာ ပုံစံကိုကြည့်ခြင်းအားဖြင့် တစ်ဖက်လူမှာ စိတ်ရှည်စွာဖြင့် သေသေသပ်သပ် ပြုလုပ်ပေးခဲ့ခြင်းပေ။အနည်းငယ် နာကျင်နေသေးသော်လည်း ယခင်ကလို ဆိုးဆိုးဝါးဝါး မဖြစ်တာကြောင့် မှိုင်းဟန်မြခေတ် ထိုနာကျင်မှုကို လျစ်လျူရှုလိုက်၏။

နဖူးပေါ်သာမက မျက်လုံးပေါ်သို့ပါ ဝဲကျနေပြီဖြစ်သည့် ဆံနွယ်‌တို့ကို လက်ဖြင့်အသာသပ်တင်လိုက်ပြီးနောက် ကိုယ်လက်သန့်စင်ရန်အတွက် ရေချိုးခန်းထဲသို့ မှိုင်းဟန်မြခေတ် ဝင်လာခဲ့လိုက်သည်။ရေချိုးခန်းထဲသို့ ဝင်ဝင်ချင်း မှန်ထဲတွင် ထင်ဟပ်နေသော သူ၏ပုံသဏ္ဍာန်ကြောင့် မှိုင်းဟန်မြခေတ် မျက်မှောင်တို့ကို အသာကျုံ့လိုက်မိ၏။

မှန်ထဲရှိပုံရိပ်ထဲ၌ မည်းနက်လှသော ဆံသားအနွယ်တို့က ကုပ်ထောက်လုနီးနီး ရှည်လျားနေပြီး အနောက်တင်သာမက ရှေ့ဆံပင်အုပ်ကပါ မျက်လုံးကို ဖုံးတော့မည်ဖြစ်သည်။အသားအရေမှာလည်း ယခင်က တာဝန်များကြောင့် ခရီးဝေးများထွက်ရသဖြင့် နေနှင့်ထိတွေ့မှုအရ ရွှေရောင်သန်းနေရာကနေ ယခုအခါ အနည်းငယ် ဖြူပြီးဝင်းသည့်ဘက်သို့ ရောက်လာလေသည်။ခန္ဓာကိုယ်အချိုးအစားတစ်ခုတည်းကသာ ယခင်အတိုင်း တောင့်တောင့်တင်းတင်းဖြင့် မပြောင်းလဲခြင်းပင်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now