အပိုင်း - ၁၅

371 18 0
                                    

#Unicode

ငြိမ်သက်ဆိတ်ညံနေသော ပတ်ဝန်းကျင်သည် ယခုလို ညသန်းခေါင်အချိန်၌ ခြောက်ကပ်ကပ် ခြံဝန်းကို ပိုမိုခြောက်ကပ်စေသည့်အပြင် ချောက်ချားဖွယ်နေရာတစ်ခုအဖြစ် အသွင်ပြောင်းလဲလျက်ရှိသည်။ထင်းလင်းစွာ မမြင်နိုင်မည့် ဥယျာဉ်ဘက်ခြမ်း၌ လှုပ်ရှားရန် ရွေးချယ်ပြီးနောက်မှာတော့ လူတစ်စုသည် ထိုင်၍ပုန်းကွယ်ခဲ့သည့် ချုံပုတ်များထဲမှ ဖြည်းညင်းစွာ ထွက်လာကြတော့သည်။

ထိုလူများသည် ဘယ်ညာအရိပ်အခြည် ကြည့်လိုက်ကြပြီး စီစဉ်ထားသည့်အတိုင်း ၅ယောက်အုပ်စုနှစ်စုခွဲ၍ စတင်လှုပ်ရှားတော့သည်။တစ်ဖွဲ့မှာ ပန်းဥယျာဉ်ဘက်မှသွား၍ တစ်ဖွဲ့မှာတော့ စံအိမ်ဘက်မှသွားလေသည်။

သူတို့ရထားသည့် နောက်ဆုံးသတင်းအရ စံအိမ်၌ ပစ်မှတ်နှင့် အိမ်တော်ထိန်းတစ်ယောက်သာရှိပြီး လှုပ်ရှားရန် လွယ်ကူသည်ဟုဆိုသည်။သို့သော် သတိဆိုသည်မှာ လွတ်၍ကောင်းသည့်အရာ မဟုတ်လေတော့ ယခင်အစီအစဉ်တိုင်းပဲ ဆက်လုပ်ရန် သူတို့စဉ်းစားလိုက်ကြသည်။ထို့အပြင် သူတို့အကုန်လုံးသည် ပစ်မှတ်နှင့် လက်ရည်ယှဉ်ဖူးကြကာ ပစ်မှတ်သည် လူ၁၀ယောက်ကိုပင် တစ်ပြိုင်တည်း အလဲထိုးနိုင်ခဲ့သည်။ထို့ကြောင့် သူတို့အုပ်စုမှာ ပို၍ပင် သတိမလွတ်နိုင်ဖြစ်နေရ၏။

မကြာခင်မှာပင် ဥယျာဉ်သည် စံအိမ်နှင့်ပိုနီးတာကြောင့် ဥယျာဉ်အဖွဲ့က စံအိမ်အနားသို့ ဦးစွာရောက်ရှိသွားလေသည်။စံအိမ်ထဲသို့ အကဲခတ်ကြည့်တော့ လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်မြဲဖြစ်ကာ အချင်းချင်း အချက်ပြလိုက်ကြပြီး အနောက်တံခါးကို သော့ဖျက်၍ အသာလေးဝင်လာလိုက်ကြသည်။

သို့ရာတွင် သူတို့မသိသည်မှာ သူတို့ဥယျာဉ်ကို ဖြတ်သန်းလာသည်ကို လူနှစ်ယောက်က သိရှိပြီး ယခုအချိန်၌ သူတို့ကို ဧည့်ခန်းထဲ၌ စောင့်နေသည်ကိုပင်။

အုပ်စုမှာ သတိကြီးကြီးထားရုံသာရှိပြီး ယခုတာဝန်မှာ လွယ်ကူသည်ဟုတွေးထားကြကာ ညကြည့်မျက်မှန်များကို မယူလာခဲ့တာကြောင့် ဧည့်ခန်းထဲရှိ သူတို့လုပ်သမျှကို ကြည့်နေသော မျက်ဝန်းနှစ်စုံကို မြင်နိုင်ခြင်းရှိမည် မဟုတ်ပေ။အကယ်၍သာ သူတို့၏ကံကြမ္မာကို ပြင်နိုင်ခွင့်ရရှိခဲ့ပါက ညကြည့်မျက်မှန်ကို အနည်းဆုံးတစ်လက်လောက်တော့ သူတို့ယူလာလောက်လိမ့်မည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now