အပိုင်း - ၂၈

226 16 3
                                    

#Unicode

{လွန်ခဲ့သည့် ၁၅မိနစ်ခန့်}

ညဉ့်ယံသွင်၏ကျည်ကာအင်္ကျီကို လွှတ်ချပြီးသည်နှင့် အနံ့လာရာနေရာကို မှိုင်းဟန်မြခေတ် အသားကုန် ဦးတည်ပြေးလိုက်သည်။ယခင်က ဓာတ်ဆီနံ့နှင့် မီးလောင်ထားခဲ့သည့်အနံ့ကိုသာ ရရှိခဲ့သော်လည်း ယခုအခါ ပိုမိုပြင်းထန်လာသည့် တစ်ခုခု လောင်ကျွမ်းနေသော အနံ့က သူ၏နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လျက်ရှိ၏။

ပိုမိုစိုးထိတ်လာသည့် စိတ်အာရုံက တဖြည်းဖြည်း နီးကပ်လာသည့် အဆောက်အဦး၏ ထိပ်အပေါက်မှ မီးခိုးငွေ့တို့ကို မြင်လိုက်ရချိန်တွင် ၂ဆဆိုးရွားသွားကာ သူ၏နှလုံးခုန်သံသည်ပင် ခဏတာ ရပ်တန့်သွားသယောင်ရှိလှသည်။'မဖြစ်ပါစေနဲ့'ဟု အကြိမ်ကြိမ်အခါခါ ဆုတောင်းရင်း အဆောက်အဦးအရှေ့ကို ရောက်လာလေတော့ အပေါက်ဝ၌ လက်နက်များကိုင်ဆောင်ထားသည့် လူများက စောင့်ကြပ်နေသည်ကို တွေ့လိုက်ရ၏။

မှိုင်းဟန်မြခေတ်သည် ဒေါသကြောင့် သွေးတို့ပွက်ပွက်ဆူလာကာ ဘာမှမစဉ်းစားနိုင်တော့ဘဲ ထိုလူများကို ဆက်တိုက်ပစ်ခတ်လိုက်တော့သည်။စောင့်ကြပ်နေသည့်လူများမှာလည်း အလစ်တွင် တိုက်ခိုက်ခံလိုက်ရတာကြောင့် အချိန်မီ မတုံ့ပြန်နိုင်ဖြစ်သွားကြကာ လူ၃ယောက်သည် ပွဲချင်းပြီး သေဆုံးသွားကြသည်။ကျန်သည့်လူများကလည်း ခုခံကြရင်း ပြန်လည်ပစ်ခတ်ရန်လုပ်လိုက်တော့ ရန်သူမှာ တခြားသူမဟုတ်ဘဲ မှိုင်းဟန်မြခေတ်ဆိုသည်ကို မြင်သွားကြကာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြလေသည်။

ထို့နောက် ကျည်ဆန်များကို ရှောင်ရုံသာရှောင်ကြပြီး မှိုင်းဟန်မြခေတ် ကျည်ကုန်သည်ကိုသာ စောင့်ဆိုင်းနေကြ၏။မကြာလိုက်၊ သူတို့၏ခန့်မှန်းချက်အတိုင်း မှိုင်းဟန်မြခေတ်၏သေနတ်များက ကျည်ကုန်သွားလေသည်။ထိုအချိန်တွင် တစ်ချိန်လုံး ခံစစ်ဖြင့် ခုခံနေခဲ့သော လူများက တိုက်စစ်အဖြစ် ပြောင်းလဲလိုက်ကြပြီး မှိုင်းဟန်မြခေတ်၏အနားသို့ တစ်ဟုန်ထိုး ရောက်ရှိလာကြကာ မှိုင်းဟန်မြခေတ်ကို ချုပ်နှောင်ရန် ကြိုးပမ်းလာကြတော့သည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now