#Unicode
လှပစွာ ပုံဖော်ထားသော ပန်ကိတ်လေးများကို တစ်ခုပေါ်တစ်ခုထပ်ပြီးနောက် အပေါ်မှ ထောပတ်အတုံးသေးလေး ထပ်တင်ရင်း Mitchell မေးလိုက်သည်။
"ပါး..ကျွန်တော့်ကိုခေါ်တာ..ဘာဖြစ်လို့လဲ?"
ထိုအခါ အသည်းပုံစံဖော်ထားသည့် ဖရဲသီးစိတ်လေးများထဲမှ အမည်းရောင်အစေ့လေးများကို ဂရုတစိုက် ဖယ်နေသော Pesnoက လုပ်လက်စအလုပ်ကို မပျက်စေဘဲ မျက်လုံးပင့်ကြည့်လာသည်။
"အကူအညီတောင်းစရာလေးရှိလို့"
Mitchellသည် ချွဲပျစ်ပျစ်ပျားရည်များကို ပန်ကိတ်များပေါ်သို့ ဖြည်းညင်းစွာ လောင်းလိုက်ပြီး ပျားရည်အိုးအသေးလေးကို ဘေးတွင်ပြန်ချလိုက်သည်။
ထို့နောက် အလုပ်သမားများကို ခိုင်း၍ရသည့်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ်လုပ်နေသော Pesnoအား မော့ကြည့်လိုက်သည်။ဖရဲသီး၏အရည်ရွှမ်းမှုက အတော်ကောင်းမွန်သည်ဟု ပြော၍ရကာ အသာလေးဖွပြီး ကိုင်နေသည်ကိုပင် လက်ချောင်းများကို စိုစွတ်သွားစေလေသည်။
Mitchell အသာမျက်မှောင်ကျုံ့လိုက်ရင်း Pesno၏လက်ထဲရှိ ဖရဲသီးစိတ်ကိုယူပြီး ပန်းကန်ထဲ ပြန်ထည့်လိုက်ကာ ဖရဲသီးပန်းကန်တစ်ခုလုံးကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။ပြီးနောက် ပန်ကိတ်လှီးသည့်ဓားလေးဖြင့် ပန်ကိတ်ကို အပိုင်းလေးများ အမြန်လှီးလိုက်ပြီး ထိုပန်းကန်ကို Pesno၏အရှေ့သို့ တိုးပေးလိုက်၏။
"ဘယ်လိုအကူအညီမလို့လဲ?"လို့ မေးခွန်းပြန်ထုတ်လိုက်ရင်း ကြည့်ရုံနှင့်ပင် နူးညံ့ပုံပေါက်နေသော ဘေးဘက်ရှိပုဝါအား Mitchell လှမ်းယူလိုက်သည်။
Pesno သူ့ရှေ့သို့ ရောက်လာသည့် အသင့်လှီးပေးထားသော ပန်ကိတ်လေးများကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
"မနေ့ညက..Elio ဖုန်းဆက်တယ်..ဟိုအိမ်တော်က နောက်ဆုံးတော့..အကွက်ရွှေ့လာပြီတဲ့"
"ဟိုအိမ်တော်?"
မှတ်မိပုံမပေါ်သော Mitchellကြောင့် Pesno ရှင်းပြရန် လုပ်လိုက်သော်လည်း သူ၏ပြောစကား၌ အာရုံရှိပုံမပေါ်ဘဲ လက်ပေးရန်သာ လက်ဟန်လုပ်ပြနေသော သားတော်မောင်၏လက်ထဲသို့ သူ၏လက်ကို အရင်ထည့်ပေးလိုက်သည်။Mitchellသည် သူ၏လက်ကို ပွန်းပဲ့သွားမှာစိုးသယောင် ဖွဖွလေး သုတ်ပေးနေတာကြောင့် Pesnoရယ်ချင်မိသွားရ၏။
YOU ARE READING
မှိုင်းဟန်မြခေတ် {Hiatus}
Random"အေး..ငါက ရိုင်းတယ်! အဲ့တော့..သောက်ဘောပဲ! ီး!!" မှိုင်းဟန်မြခေတ်