အပိုင်း - ၃၄

201 15 2
                                    

#Unicode

နေ့လယ်စာစားရတော့မည့်အချိန် ရောက်ပြီဖြစ်တာ‌ကြောင့် မနက်ကတည်းက ကမ်းခြေတွင် သွားဆော့နေသည့် အဆော့မက်လေးကို ခေါ်ရန်အတွက် အတ္တဝါဒီ စံအိမ်ထဲမှ ထွက်လာလိုက်သည်။မနက်စာကိုလည်း အတင်းချော့မော့ကျွေး၍သာ နည်းနည်းပါးပါးစားသွားကာ တစ်မနက်ခင်းလုံး ပြေးလိုက်လွှားလိုက်လုပ်နေသဖြင့် ယခုလောက်ဆိုလျှင် ဗိုက်အတော်ဆာနေလောက်ပြီပင်။

ဤသည်ကိုပင် အစားထက် ကစားကိုမက်သော ထိုကလေးလေးက စံအိမ်ထဲကို ပြန်မလာဘဲ ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် ပတ်ပြေးကာ ဆော့နေလေသည်။

အလိုလိုက်သော အပြုံး၊ နူးညံ့ညင်သာသော မျက်နှာထား၊ ချစ်မြတ်နိုးခြင်းများပြည့်လျှံသော မျက်ဝန်းများနှင့် တည်ရှိနေသော အတ္တဝါဒီသည် လက်ကိုပိုက်လျက် စံအိမ်၏ တံခါးဘောင်ပေါ်သို့ တစောင်းမှီလိုက်၏။တစ်ဆက်တည်းမှာပင် တောက်ပသော နေရောင်ခြည်ထဲတွင် ပြေးလွှားဆော့ကစားနေသော အပြုံးချိုချိုလေးနှင့် လူငယ်လေး၏ အပြုအမူတစ်ခုချင်းစီတိုင်းကို သိမ်မွေ့သော အမူအရာဖြင့် လိုက်ကြည့်နေလေသည်။

နေစူးသဖြင့် မျက်နှာလေး အလိုမကျဖြစ်သွားသည်ကအစ၊ မျက်လုံးများ မှေးမှိတ်သွားသည်အထိ ပြုံးရယ်ကာ ပြေးနေသည်ကအလယ်၊ သဲပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ပြီး မပီမပြင် ရဲတိုက်လေးများကို တည်ကြည်သော မျက်နှာထားလေးဖြင့် တည်ဆောက်နေသည်ကအဆုံး၊ စသည့် အမျိုးမျိုးသော ပြောင်းလဲမှုများကို အတ္တဝါဒီသည် စိတ်ရှည်မှုများဖြင့် စောင့်ကြည့်နေ၏။

ပြေးလွှားနေသော ကောင်ငယ်လေးသည် အဖြူရောင်လျှာထိုးဦးထုပ်၊အဖြူရောင် အင်္ကျီလက်တိုနှင့် အပြာရင့်ရောင် ဘောင်းဘီတိုတို့ကို လူငယ်အငွေ့အသက်များ လွှမ်းခြုံလျက် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။အရှိန်ဖြင့် ဘယ်လောက်ပြေး‌နေပါစေ၊ ခေါင်းပေါ်ရှိ ဦးထုပ်လေးကိုတော့ ပြုတ်ကျသွားမည်စိုးသည့်အလား လက်လေးဖြင့် တစ်ချက်တစ်ချက် ပြန်ထိန်းနေသော ကောင်ငယ်လေးကြောင့် အတ္တဝါဒီ၏အပြုံးတို့က ပိုမိုကြီးမားလာရ၏။

မှိုင်းဟန်မြခေတ် {Hiatus}Waar verhalen tot leven komen. Ontdek het nu