Part-3

275 27 0
                                    


Unicode version

ငါက မင်းအမေယောက်ကျား မင်းအဖေမို့လား ဟက်"

မြူရှင်းသွေးတို့ပင် ဆောင့်တက်ချင်သွား၏။ ဒီကောင်ဘာပြောလိုက်တာ။ရူးသွားပီလား ဒါမှမဟုတ် ဦးနှောက်မရှိတော့တာလား။

အခုအနေအထားအရဆို တစ်ဖက်က လူကောင်ထွားထွားသုံးယောက်။မိမိတို့ကနှစ်ယောက်တည်း။ပီးတော့နှစ်ယောက်လုံးက လူကောင်ကသေးသေး။အင်း........မြူရှင်းမိမိအနာဂတ်ကိုပုံဖော်ကြည့်သည်။တွေးလို့မရတော့။အနာဂတ်မှာ မြူရှင်းကိုကိုဆိုတာ ရှိချင်မှရှိတော့မှာလေ😖။

တစ်ဖက်ကရှူးရှူးရှားရှားနဲ့ ဒေါသထွက်နေတဲ့တစ်ယောက်ကလည်း ကျောင်းထဲမှာမို့ သူ့စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားပုံရသည်။ခမ်းညားကို အသေသတ်မလို မျက်လုံးကြီးတွေနဲ့ကြည့်နေတာတောင်မှ သကောင့်သားက တုတ်တုတ်မှမလှုပ်။ခနဲ့တဲ့မျက်လုံးတွေနဲ့တောင် ပြန်ကြည့်နေလိုက်သေးသည်။

ဒီလူတွေကြားထဲမှာနေရင်း မြူရှင်းအငွေ့ပျံချင်သလိုလိုတောင်ဖြစ်နေပီ။မဖြစ်တော့ ....ဒီကောင့်ကို အမြန်ခေါ်ထုတ်မှရတော့မယ်။

"ဟို  ခမ်း ခမ်းညား အ အတန်းကိုပြန်ကြစို့လေ ဆရာမကငါ့ကို ခိုင်းထားတာရှိတာကို ငါမေ့နေတာ ။ငါ့ကိုကူဦး။ပီးတော့ ဒီကသူငယ်ချင်းတို့လည်း ခွင့်ပြုပါဦးနော်။"

အားတင်းပီး စကားကိုဆုံးအောင်ပြောကာ ခမ်းညားကိုအင်္ကျီစကနေ ကိုင်ပီး အတင်းဆွဲထွက်လာတုန်းရှိသေး...

"ခမ်းညားဆိုတဲ့ကောင် !!ညနေကျောင်းဆင်းပြီးရင် ကျောင်းအနောက်ဘက်မှာတွေ့မယ် မင်းပြောတဲ့စကားအတွက် မင်းတာ၀န်ယူရလိမ့်မယ်"

"စိန်ခေါ်တာလား အဟက် ခမ်းညားဆိုတဲ့ကောင်ကလည်း စိန်ခေါ်ရင် တိမ်ပေါ်ထိတက်ရဲတယ် မင်းတို့သာ ဆက်ဆက်လာခဲ့ သဘောပေါက်ကြလား"

အင်္ကျီလက်ရှည်အဖြူကို တံတောင်ဆစ်နားထိ သေချာခေါက်တင်ရင်း အကြောက်အလန့်မရှိပြောနေတဲ့ အေးစက်စက်လူသားကိုကြည့်ပီး မြူရှင်းတံတွေးပင်နင်သွားရသည်။သူပြောချင်တာပြောပြီးနောက် လှည့်ထွက်သွားသော ထိုခွေးသားနောက် မြူရှင်းမှာ အမောဆို့အောင် လိုက်ရပြန်သည်။

CLOVER Where stories live. Discover now