Part-9

169 23 3
                                    

      Unicode version

                           ONE၏စုဝေးကွင်း၌ မကြာသေးခင်ကမှ တစ်စုတစ်ဝေးတည်းဖြစ်သွားသော Sec B studentsများ စီတန်းစွာ ရှိနေလေသည်။

နေသာတဲ့နေ့တစ်နေ့ဟုဆိုသော်လည်း ဆောင်းအငွေ့အသက်များနှင့် အေးချမ်းနေသောကြောင့် နေပူရှိန်သည် နွေးရုံလောက်သာ ဖြန့်ကျက်ထား၏။

ဂရုတစိုက်ပျိုးယူထားမှုကြောင့် စိမ်းစိုပြီးသေသပ်နေတဲ့ မြက်ခင်းပြင်ပေါ်မှာ ရပ်နေတဲ့ ကျောင်းသားတွေရဲ့ တကွဲတပြားစီဖြစ်နေတဲ့ outfitsကြောင့် ကြည့်ရဆိုးတယ်လို့ မြင်ယောင်နေတဲ့ အားကစားနည်းပြဟာ သူ့ရဲ့မျက်နှာမှာတော့ အလွန်တရာစိတ်ဆိုးခြင်းကြောင့် ကြောက်စရာကောင်းအောင် တင်းမာနေလေရဲ့။

ဒါကိုသတိထားမိတဲ့ကျောင်းသားတွေကလည်း အသက်ပြင်းပြင်းမရှူရဲလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ဒီနေ့ကSec B of 1st yr၏ ပထမဆုံး အားကစားအချိန်ဖြစ်သည်။သေသပ်တဲ့ စည်းကမ်းချက်တွေရှိတဲ့ ONEဟာ ဒီလိုအချိန်မျိုးမှာ ဝတ်ဖို့ Sport outfitကို သတ်မှတ်ပေးပြီးဖြစ်၏။Sec Bရဲ့ Forumကနေလည်း ဒီနေ့မှာ အားကစားအတွက်စုဝေးပေးဖို့ announceလုပ်ပေးထားသည်။

ဒါပေသိ စုဝေးကွင်းမှာ Outfitတလွဲတွေနဲ့ လူမှာဆယ်ယောက်ခန့်ရှိသည်။တစ်ချို့က သိရက်နဲ့မေ့လာတာဖြစ်ပေမယ့် တစ်ချို့ကတော့ ခေါ်လို့သာပြေးလာရတယ်။ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့သူတွေဖြစ်၏။

"ကိုယ့်အပြစ်ကိုယ် သိကြတယ်မလား!!!"

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ ကျယ်လောင်စွာဟိန်းထွက်လာတဲ့ အသံတစ်ခု။အားကစားနည်းပြဖြစ်တဲ့သူဟာ တောင့်တင်းသန်မာသောခန္ဓာကိုယ်ရှိရုံတင်မဟုတ်ပဲ သြရှကျယ်လောင်သော အသံtoneပါရှိသောကြောင့် နဂိုတည်းက လန့်ချင်နေတဲ့ကျောင်းသားတွေ ခါးမတ်သွားရသည်။

မြူရှင်းလည်း ဘေးမှာရှိတဲ့ ခမ်းညားကိုစွေကြည့်တော့ လက်နှစ်ဖက်နောက်ပစ် ခါးကိုမတ်ပြီး အသက်ပင်ဝဝမရှူရဲတဲ့ အနေအထားနဲ့မြင်လိုက်ရတာမို့ ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရ၏။

CLOVER Where stories live. Discover now