Part-6

203 25 0
                                    


Unicode version

"ကိုကိုမှားတာ ဟုတ်ပြီလား....TUEနဲ့THURSကို အခုထိမကွဲသေးတဲ့ကိုကိုမှားတာ။နောက်ဆိုအဲ့လိုမဖြစ်စေရတော့ပါဘူးအခမ်းရယ် နော် နော်"

ခမ်းညားရယ်ချင်စိတ်ကိုမနည်းထိန်းထားပြီး ရှေ့တည်တည့်ကိုသာရှုတည်တည်နဲ့ စိုက်ကြည့်ထားလိုက်သည်။

*ရှယ်ရစ်တာခံပေဦးတော့ သိုင်းဘုန်းရှိန်ခန့်ရေ.....

"အစ်ကိုက အတန်းမတက်သေးဘူးလား"

သူ့ကလေးလေးကို အသနားခံမျက်ဝန်းတွေနဲ့ကြည့်နေရတဲ့ သိုင်းဘုန်းကရုတ်တရက် မြူရှင်း၏အမေးကိုမကြား။ခဏလောက်နေမှ ခေါင်းလှည့်လာပြီး

"မြူရှင်း...ခုဏက ငါ့ကိုခေါ်လိုက်သေးလား"

"အွန်း အတန်းမရှိဘူးလားလို့မေးတာ"

"အေး...အခုက break timeလေ။မင်းတို့အတန်းနဲ့တူတူပဲ။အခမ်းရေ...."

​မြူရှင်းမေးတာကိုဖြေနေရင်းနဲ့သူ့အခမ်းဘက်စိတ်ပြန်ရောက်သွားတဲ့ သိုင်းဘုန်းရှိန်ခန့်ကြောင့် မြူရှင်းနှာခေါင်းရှုံ့မိလိုက်သည်။

*ဒီနားမှာ ငါကthird wheelပဲ

*နေပါဦး ခုနကကိုသိုင်းဘုန်းပြောသွားတာက သူတို့အခန်းကအခုအတန်းမရှိဘူးဆိုတော့ အင်း.....ငါသွားကြည့်ရင်ကောင်းမလား

သွားရမလား မသွားရမလားမြူရှင်းတွေဝေနေတဲ့နောက်ဆုံး

*အင်း!!!သွားကြည့်လိုက်တော့ဘာဖြစ်မှာလဲ။ဒီနားမှာလည်းငါကthird wheelပဲဟာ

အတွေးတွေကိုလက်စသတ်ပြီးနောက်

"ခမ်းညား  ငါtoiletခဏသွားဦးမယ်။သြော်
ဒီကအစ်ကိုသိုင်းဘုန်းခင်ဗျ ကျွန်တော့ကိုခွင့်ပြုပါဦး"

အဖြေစကားမကြားရပါပဲ လေးလေးပင်ပင်ခေါင်းငြိမ့်ပြနေသော သိုင်းဘူန်းရှိန်ခန့်ကို မြူရှင်းစိတ်မကောင်းစွာကြည့်ရင်း တစ်ယောက်သောသူရှိရာဆီသို့ ထွက်ခွာလာခဲ့တော့၏။

•••••••••••••••••••••••••••••••••••

အခန်းထဲကိုတစ်ချက်ဝေ့ကြည့်တော့ Kiraကိုမတွေ့။အခန်းထဲကထွက်လာတဲ့တစ်ယောက်ကို မေးကြည့်တော့ ကျောင်းမလာသေးဘူးတဲ့လေ...

CLOVER Where stories live. Discover now