Part-27

121 11 19
                                    

Unicode version

တီ! တီ ! တီ !

ဘုန်းဆက်တည်တို့ ယခုရောက်ရှိရာနေရာအား ဝေဟင်မှစီး၍ကြည့်မည်ဆိုပါက ရာပေါင်းများစွာ စီတန်းတည်ရှိနေသော ကားတန်းကြီးရဲ့အလယ်ကျကျတစ်နေရာမှာ ပိတ်မိနေတဲ့ ကားသေးသေးလေးထဲမှာပဲဖြစ်သည်။

ဒီနေ့က ရုံးပိတ်ရက်ဖြစ်သောကြောင့် ရုံးတက်သူတွေကြောင့် ကားပိတ်နေတာမျိုး မဟုတ်ပေမယ့်လည်း ရုံးပိတ်ရက်ဖြစ်နေတာမို့ အပြင်ထွက်လာတဲ့သူတွေများနေတာ​ပဲလားမသိ။ကားတန်းကြီးက ပုံမှန်ထက်ပိုရှည်နေပြီး ကားပိတ်ချိန်ကလည်း ပိုမိုကြာမြင့်နေသည်။

ကားကြပ်လို့မွန်းကြပ်ရတဲ့အထဲ ကားတွေရဲ့ ဆူဆူညံညံဟွန်းသံတို့ကြောင့် နဂိုကမှ လက်တစ်ဆစ်ရဲ့တစ်ဝက်လောက်တောင် စိတ်မရှည်တဲ့ ဘုန်းဆက်တည်တစ်ယောက် ကားမှန်ကိုချပြီး ခေါင်းထွက်ကာ သူ့ဘေးကပ်ရပ်က ဟွန်းတီးနေတဲ့ကားကို အော်ပြောတော့သည်။

"ဟေ့ ဟေ့ ခင်ဗျား "

ဟိုဘက်ကလူကလည်း သူ့ကိုလှမ်းခေါ်တာကို သတိထားမိတော့ ကားမှန်ကိုချကာ ဘာလဲဆိုတဲ့ သဘောနဲ့မေးဆတ်ပြတော့

"ကားကို ဟွန်းတီးနေတော့ကောဘာရလဲ...ကားပိတ်တာလည်း လမ်းရှင်းမသွားပဲ နားပူတာပဲအဖတ်တင်တယ်ဗျ!!!"

နောက်ကရော ရှေ့ကပါ တစီစီတီးနေတဲ့ ဟွန်းသံရှည်တွေကြောင့် အော်ပြောနေရတဲ့ ဘုန်းဆက်တည်ရဲ့အသံကို ဟိုဘက်ကလူကလည်း သေချာကြားဟန်မတူ။ကြားသမျှလေးတွေကိုပဲ အဓိပ္ပာယ်ဆက်ပြီးနောက်မှ နားလည်ဟန်တူသည်။သူကလည်းပြန်အော်လာ၏။

"မင်းကကော ငါတစ်ယောက်တည်း ပိတ်အော်နေတော့ရော ဘာထူးမှာလဲ။ငါမတီးတော့ရော နားအေးသွားလို့လားကွ!!အားနေရင်လည်း ကားပေါ်ကဆင်းပြီး တစ်ယောက်ချင်းစီကို ဟွန်းမတီးဖို့ လိုက်အော်နေလိုက်။ငါနိုး....ကားပိတ်လို့ စိတ်မကြည်ရတဲ့အထဲ ရူးကြောင်ကြောင်နဲ့ လာတွေ့နေတယ်"

သူဟောက်ပြီးပြီးချင်းပဲ ကားမှန်ပြန်တင်သွားတော့ ဘုန်းဆက်တည်မှာ ခေါင်းထွက်ရက်သားလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့ရ၏။

CLOVER Where stories live. Discover now