Part-30

297 14 2
                                    

Unicode version

"Demo...."

အိမ်ထဲသို့ဝင်ခါနီးကျမှ လက်ကိုဆွဲထားပြီး မျက်နှာလေးငယ်ထားရှာတဲ့ မြူရှင်းကြောင့် ခဏလောက်စိတ်ငြိမ်စေပြီးမှ ခြတံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လာခဲ့လိုက်တော့သည်။

ကံကောင်းစေရန်ဟုဆိုကာ အိမ်ထဲကို ညာဘက်ခြေလှမ်းဖြင့် စဝင်ရမည်ဟူသော မြူရှင်းရဲ့ပေါက်တတ်ကရအကြံပေးစကားအရ ညာဘက်ခြေထောက်ဖြင့်စဝင်ရင်းနဲ့ သရဏဂုံတည်ကြဖို့ကိုလည်း နှစ်ယောက်လုံးမမေ့ခဲ့ကြ။

(ရှေ့တန်းထွက်ရမယ့်သူ၊သင်္ဘောထွက်ရမယ့်သူ စတဲ့ အသက်အန္တရာယ်နဲ့မကင်းတဲ့အလုပ်တွေလုပ်ရတဲ့သူတွေဟာ သူတို့အလုပ်မသွားခင်မှာ သရဏဂုံတည်သွားလေ့ ရှိတတ်ကြပါတယ်တဲ့။ဒီသူငယ်ဂျင်းနှစ်ယောက်ရဲ့ အတွေးတွေကတော့ another levelတွေရောက်ကုန်ပါပြီಥ_ಥ)

ရှိသမျှအသွေးအသက်အားလုံးကို ရင်းနှီးထားရတဲ့မျက်နှာအနေအထားတွေနဲ့ အိမ်ထဲကိုခပ်တည်တည်ဝင်ချလာကြတဲ့နှစ်ယောက်သားဟာ ဧည့်ခန်းထဲကို ဝင်ဝင်ချင်းမှာပဲ ခံစားလိုက်ရတဲ့ အေးစက်စက်လေထုအငွေ့အသက်တွေကြောင့် ခြေလှမ်းတွေဟာတန့်ခနဲ။

"ဖေဖေ"

"ဦးသျှန်!!"

အလိုက်ကန်းဆိုးမသိ အသံတွေထွက်လာမိလို့ထင်ရဲ့။ဦးသျှန်ရဲ့ဘေးမှာထိုင်နေပြီး လက်ကို တင်းတင်းဆုပ်ကိုင်ပေးထားတဲ့ ဦးတည်ဟာ လက်ညှိုးကိုနှုတ်ခမ်းပေါ်တင်ကာ တိတ်တိတ်နေရန် အမူအရာလုပ်ပြလေမှ ဘာတွေဖြစ်နေလို့ဖြစ်နေမှန်းမသိသေးတဲ့ Demoနဲ့မြူရှင်းလည်း ရောက်နေရာမှာပဲ မတ်တပ်ရပ်လျှက်အနေအထားနဲ့ အသာငြိမ်နေလိုက်ကြသည်။

အခြေအနေကတော့ ကောင်းသည်ဟုဆိုရမလား။ဆိုးသည်ပဲပြောရမလားမသိ။ဦးသျှန်ရဲ့မျက်နှာဟာ တင်းမာနေသလောက် ဒေါ်စောနှင်းမြူကတော့ ပြုံးပြုံးသာဖြစ်သည်။ဧည့်ခန်းဝက Demoတို့ကိုတောင် ကြည်လင်တဲ့အနေအထားနဲ့

"ပြန်လာကြပြီလား သားငယ်တို့...အပေါ်ထပ်မှာ စာသွားကြည့်ချင်ကြည့်ကြလေ။မေမေတို့စကားပြောတာကြာဦးမယ်ထင်တယ်"

ဒေါ်စောနှင်းမြူရဲ့စကားအဆုံးမှာပဲ သင်္ခါသျှန်ဟာ ဧည့်စားပွဲဘေးက ထိုင်ခုံကနေ ထရပ်လာတော့ အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာပဲရှိနေပြီး လေထုက ပိုမိုပြီး တိတ်ဆိတ်သွားသယောင်။

CLOVER Where stories live. Discover now