Part-23

119 14 9
                                    

     Unicode Version

4 yrs later...

အချိန်သည်ကား မနက်6နာရီကျော်ကျော်ခန့်ဖြစ်သောကြောင့် နေရောင်တစ်စွန်းတစ်စကသာ အိမ်ထဲကိုဖြာကျလို့လာနိုင်သေးသည်။ဝေလီဝေလင်းအချိန်က ကျဆင်းခဲ့သော နှင်းရည်တို့ကို သောက်သုံးကာ အစွမ်းကုန်ဖူးပွင့်နေကြသည့် ပန်းမျိုးစုံတို့သည်လည်း အိမ်ခြံဝန်းလေးထဲတွင် ငွားငွားစွင့်စွင့်။

အိမ်လေးထဲတွင်တော့ တဒေါက်ဒေါက်အသံလေးက တစ်ချက်တစ်ချက် ထွက်ပေါ်လာနေ၏။

တစ်ခြားတော့မဟုတ်...

သင်္ခါသျှန်တစ်ယောက် ဟင်းအိုးမွှေနေခြင်းပေတည်း...

"သျှန်!!!
အသံထွက်အောင် မွှေမွှေနေတတ်တဲ့ အကျင့်လေးကိုပြင်ပါဦးလား။ကိုယ်ကြားရတာ ကြက်သီးတွေထလွန်းလို့ပါ"

"အဲ့တာဆိုလည်း ကျွန်တော်ဟင်းချက်နေတဲ့အချိန်ရောက်ရင် အိမ်ပြင်ထွက်နေ!"

ဘုန်းဆက်တည်-"..............."

တကယ်ပါ...သျှန်ဆိုတဲ့ အကောင်ငယ်ဟာ သူငယ်စဥ်က အနေတည်ပြီး သဘောကောင်းသလောက် လွန်ခဲ့တဲ့လေးနှစ် ကျွန်တော်တို့စတွေ့ပြီးကတည်းက ​ကျွန်တော့်ကို စိတ်ကသိကသောက်ဖြစ်အောင် စကားနဲ့တစ်မျိုး အမူအရာနဲ့တစ်ဖုံ မနှိပ်စက်တဲ့နေ့ဆိုတာ မရှိခဲ့သလောက်...

အပြစ်ရှိခဲ့သူက ကျွန်တော်ကိုယ်တိုင်မို့ သျှန်ဘာလုပ်လုပ် မငြိုငြင်ခဲ့ဘူး။ကျွန်တော်ကအပြစ်လုပ်မထားရင်တောင် သျှန်မို့လို့ကို ငြိုငြင်မိမှာလည်း မဟုတ်ဘူး။

သျှန်နဲ့ကျွန်တော်က ငယ်ချစ်ဦးတွေ...ယောက်ကျားလေးနှစ်ယောက်ချစ်ကြိုက်လို့ဆိုပြီး ရှုံ့ချကြတဲ့ပတ်ဝန်းကျင်ကိုလည်း ကျွန်တော်တို့က ခေါင်းထဲမထည့်ခဲ့ကြပါဘူး။

ကျွန်တော်တို့ မိဘတွေကလည်း ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဝင်ပြီးစွက်ဖက်ခြင်းမျိုးလည်း ဘာဆိုဘာမှမရှိခဲ့ပြန်ဘူး။

ရှေ့ဆက်ပြီး အတူတူလျှောက်မယ့် ကျွန်တော်တို့ရဲ့ လက်တွေကလည်း ခိုင်ခိုင်မြဲပဲ။

အဲ့နေ့မတိုင်ခင်ပေါ့...
မှတ်မှတ်ရရ ကျွန်တော့မွေးနေ့။ပြန်တွေးမိတိုင်း ကျွန်တော့အတွက် ဂြိုဟ်ဆိုးဖြစ်စေခဲ့တဲ့ နေ့စွဲတစ်ခုပါပဲ။

CLOVER Where stories live. Discover now