Part-26

121 11 12
                                    

Unicode version

"သျှန့်!!!!!!"

"ချီး!....အာ....ကိုဆက် ဒီမှာလန့်ပြီး ရေနဲ့ပက်မိတော့မလို့"

နောက်မှာရောက်နေတဲ့ ဘုန်းဆက်တည်ကို မျက်စောင်းထိုးကာ လှည့်ကြည့်ရင်း ပန်းရေလောင်းတဲ့ပိုက်ကို လက်နဲ့ရမ်းပြတော့ ထုံးစံအတိုင်း ဘုန်းဆက်တည်က တဖြီးဖြီး။

"ရယ်မနေနဲ့!!ခင်ဗျားကလေ တော်တော်မုန်းစရာကောင်းတာ။ကျွန်တော့စကားဆို တစ်စက်မှနားမထောင်ဘူး။အမြဲတမ်း လာရင် လူမသိအောင်လာပြီး ထိတ်လန့်တကြားတွေ မလုပ်ပါနဲ့ဆိုတာကို။အခုလည်းကြည့်!ရေပိုက်မို့သာတော်တော့တယ်။ဓားတို့ကတ်ကြေးတို့ဆို ကျွန်တော်လန့်ပြီး ထိုးမိတာနဲ့ ကိုစက်တစ်ယောက် မာလက ဈာန်ကြွနေလောက်ပြီ"

"သျှန်ကလည်းကွာ...ပြောလိုက်ရင် အားကြီးနဲ့"

"နောက်ဆိုအားကြီးနဲ့မပြောတော့ဘူး။အားကြီးနဲ့ထိုးမှာ"

"ကိုယ့်အကြိုက်ပဲ"

"ဘ-ဘာတွေလျှောက်ပြောနေတာလဲ"

"သြော် လက်သီးနဲ့ထိုးတာကိုပြောတာပါသျှန်ကလည်း...ဟားဟား ကြည့်စမ်းပါဦးကွာ မျက်နှာလေးကို နီတွတ်နေတာပဲ။ဒါလေးကမျက်နှာရော ဟုတ်ရဲ့လား။မီးဖိုခန်းထဲက ထွက်ပြေးလာတဲ့ ခရမ်းချဥ်သီးလေးမဟုတ်ဘူးလား ဟမ် ဟမ်"

မေးလေးကို ကိုင်ကာ ကိုင်ကာဖြင့် စနောက်တော့ ဟိုကလည်း ဝတ်ထားတဲ့ပုဆိုးကိုမပြီး ခြေထောက်နဲ့ကန်ပါလေရဲ့။ဘုန်းဆက်တည်လည်း ရှောင်ရင်းတိမ်းရင်းဖြင့်

"ရော် ရော် ဒီကလေး....အကြီးကိုနော်"

"အကြီးဆိုအကြီးနဲ့တူအောင်နေလေ နေလေ"

​ခြေထောက်နဲ့ကန်လို့မလွယ်တဲ့အဆုံး လက်နဲ့တဖောင်းဖောင်းထုနေတာများ အံတွေကိုကြိတ်လို့။

"အဟမ်း အဟမ်း"

ခြံဝကနေ ရင်းနှီးနေတဲ့ ကလေးချောင်းဟန့်သံလေးကြားလိုက်ရတော့ ကူကယ်ရာရောက်လာတဲ့အလား အသံလာရာဆီအား ဘုန်းဆက်တည်လည်း စပ်ဖြီးဖြီးနဲ့ ပြေးသွားကာ

"အမယ်လေး သားတို့ရေ...ဘုရားသိကြားမ,ပေလို့ပဲ။ဦးတည်ကို ကယ်ကြပါဦးကွာ"

CLOVER Où les histoires vivent. Découvrez maintenant