Part-13

177 24 5
                                    


     Unicode version

A/N - ဒီအပိုင်းမှာ နန်းမူရာမြိုင်ဆိုတဲ့နာမည်နဲ့ characterတစ်ယောက်ပါလာပါမယ်။အသစ်ပါလာတဲ့characterတော့မဟုတ်ပါဘူး။Part-1မှာတုန်းက မြူရှင်းရဲ့ စက်ဘီးနဲ့ချိတ်မိမလိုဖြစ်ခဲ့တဲ့ ကားထဲက အမျိုးသမီးပါ။တစ်နည်းပြောရမယ်ဆိုရင် Kiraရဲ့ မေမေပေါ့....

<><><><><><><><><><><><><><>

ONE private school၏ မိဘဆရာစုဝေးပွဲ...

စုဝေးပွဲကျင်းပရာ ခန်းမအတွင်းစီတန်းတည်ရှိနေတဲ့ ထိုင်ခုံတွေရဲ့ ပထမတန်းမှာရှိနေတဲ့ အမျိုးသမီးတစ်ဥိး။တစ်ချက်ကြည့်လိုက်မိရုံနဲ့တင် ထူးထူးခြားခြားဖြစ်ပေါ်နေတဲ့ သူမရဲ့အရှိန်အဝါတွေကြောင့် သူမအားသတိမထားမိသူကား ခန်းမအတွင်းမရှိသလောက်နီးပါး။

ခပ်ပြုံးပြုံးစေ့ထားသော နှုတ်ခမ်းတစ်စုံနှင့် သွယ်လျစွာ ယှက်နွယ်ထားသော လက်တစ်စုံက ပန်းနွယ်ခက်များနှင့် အနားကွပ်ထားတဲ့ ချိတ်ထဘီပေါ်မှာ နေရာတကျ....

ကာခြယ်ဖျော့ဖျော့ ခြယ်သထားပြီး ထူထဲလှစွာသော မျက်တောင်မွှေးတို့နဲ့ဝန်းရံတည်ရှိနေတဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံကတော့ စင်ပေါ်မှာ တည်တည်ငြိမ်ငြိမ်စကားပြောနေတဲ့ ကျောင်းသားဥက္ကဋ္ဌKIRA သို့မဟုတ် သူမ၏တစ်ဦးတည်းသော ရင်သွေးဖြစ်သူဆီသို့သာ ရှေးရှုလျှက် စူးစိုက်ထားလေ၏။

သူမသည်ကား.....

နန်းမူရာမြိုင်

KIRA emperor၏ လက်ရှိအုပ်ချုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံ၏ သြဇာအရှိဆုံး ထိပ်တန်းအမျိုးသမီးတစ်ဦးဖြစ်သည်။အာဏာရှိသော အမျိုးသားများနှင့် တန်းတူ သြဇာညောင်းသူဖြစ်ပြီး သူမ၏အောင်မြင်မှုများသည် ကြောက်ခမန်းလိလိပင်ဖြစ်၏။

တော်ဝင်ဆန်သောအလှနှင့် ကျက်သရေရှိသောသူမသည် ဂုဏ်သရေနှင့် တင့်တယ်ပြီး လူအများအပေါ် လွှမ်းမိုးအုပ်စိုးနိုင်သည့် အာဏာသည်လည်း သူမလက်ဝယ်တွင်အပြည့်ရှိသည်။

ဒါ့အပြင်

နန်းမူရာမြိုင်ဆိုသည့် အမျိုးသမီးသည် Kiraဟူသော နတ်ဘုရား၏ ပဲ့ကိုင်ရှင်!!!!!

CLOVER Where stories live. Discover now