Part-24

117 14 23
                                    

      Unicode version

အိမ်ကနေကျောင်းကိုရောက်ဖို့ရန်အတွက် လမ်းအသွယ်သွယ်ကို စက်ဘီးလေးနင်းလျှက်ဖြင့် ၁၀မိနစ်ခန့်မျှသော အချိန်တို့ ကုန်ဆုံးသွားလေ၏။

ကျောင်းအဝင်ဝကိုရောက်တော့ မြူရှင်းလည်း စက်ဘီးပေါ်ကဆင်းကာ စက်ဘီးတွန်းနေတဲ့ Demoနဲ့ဘေးချင်းယှဥ်လျှက်ဖြစ်အောင် အမီလျှောက်လိုက်ပြီးနောက် ကိုယ့်ထက်အနည်းငယ်အရပ်မြင့်တဲ့ Demoရဲ့မျက်နှာကိုမော့ကြည့်မိတော့ နှစ်ယောက်ဝိတ်ကို တင်နင်းထားရသော Demoဆီ၌ ပင်ပန်းနွယ်နယ်ခြင်းတို့ စိုးစဥ်းမျှမတွေ့ရ။အဆုံးစွန်ပြောရလျှင် မောဟိုက်၍ အသက်ရှူသံပြင်းခြင်းတို့တောင် အလျှင်းမရှိ။

*ဘာလို့လဲ...Royal-Dသောက်လို့လား...

*တိန်!!!သူ့ဟာသူ သက်လုံကောင်းတာကို ဘာတွေလျှောက်တွေး...မြူရှင်းရေ မင်းTV လျှော့ကြည့်သင့်နေပြီ။အခုတော့ ​ပါသမျှကြော်ငြာတွေအကုန် ခေါင်းထဲရောက်။အိမ်း....အောမီသောဖော.....

မြူရှင်းတစ်ယောက်တည်း သောင်ပြင်မှာလွင့်နေတဲ့ ဆိတ်ပမာ တောင်တွေး​မြောက်တွေး အမြှီးအမှောင့်မတည့်တာတွေ အကုန်လျှောက်တွေးနေတုန်း နားထောင်လို့ကောင်းလှတဲ့အသံတစ်ခုက ကြားဝင်ဖြတ်သည်။

"ရှင်းငယ်...ငါ့အိတ်ကိုပါ ယူကူပြီး အတန်းထဲအရင်သွားနှင့်နော်။ငါစက်ဘီးထားဦးမယ်။​"

*ဘာလို့လဲ...ဒီကောင့်အသံကျမှ ဘာဖြစ်လို့လဲ။ဘာလို့သောက်ရမ်းနားထောင်ကောင်းနေရတာလဲ။အား အား  ૧(ꂹີωꂹີૂ)

တစ်ယောက်တည်း ကယောင်ခြောက်ခြားတွေးပြီး အတွေးထဲမှာတင် ယူကြုံးမရဖြစ်နေတဲ့အသံကြီးနဲ့ အသားကုန်ဖင်ပြဲအောင် အော်နေတဲ့ မြူရှင်းရဲ့ပုခုံးအား Demoလည်း အသာပုတ်ကြည့်ပြီး

"ရှင်း!!!ငါပြောတာကြားလား။တစ်လမ်းလုံးဘာတွေစဥ်းစားနေတာလဲ။အခုထိလည်းအိတ်ကိုမယူသေးဘူး"

"အာ အာ မီးရန်း မီးရန်း...ဟီးဟီး"

မိမိပြောလိုက်တဲ့စကားထဲ ဘာအမှားပါသွားလို့ရယ်မသိ။စောနကတင် ကြည်လင်နေပါသော မျက်နှာက ရုတ်တရက်ကြီးသုန်မှုန်လာရုံတင်မကပဲ အံတွေပါကြိတ်နေသလိုလို။

CLOVER Donde viven las historias. Descúbrelo ahora