Part-5

229 26 2
                                    


Unicode version

"ခမ်းညား!!"

"အေး ဘာလဲ"

Drawing bookပေါ်မှာ ဘာတွေမှန်းမသိ တခြစ်ခြစ်လျှောက်ဆွဲနေရင်း မြူရှင်းရဲ့အမေးကို တုံးတိတိဖြေလေ၏။

"ဟို..."

"ဟိုလေ"

ခမ်းညားတစ်ယောက် စိတ်မရှည်တော့ဟန်ဖြင့် ဆွဲလက်စခဲတံကို စာရွက်ပေါ်အသာချကာ မြူရှင်းဘက်ကိုတစောင်းလှည့်ပြီး မှုန်ကုပ်ကုပ်အကြည့်နှင့်

"ခွေးသား!!ပြောစရာရှိတာပြောတာမဟုတ်ဘူး ဟိုတွေဒီတွေလုပ်မနေနဲ့။မင့်ဖေက ဒီနေ့စိတ်ကြည်နေတာမဟုတ်ဘူး"

" ဟို..ငါတစ်ခုသိချင်နေလို့လေ။မနေ့က ငါတို့ကိုကူညီပေးခဲ့တဲ့တစ်ယောက်"

"အင်း Kiraကိုပြောတာလား"

"အင်း....အဲ့တစ်ယောက်"

မေးမယ့်စကားလုံးက တွန့်ဆုတ်နေဟန်ဖြင့် မြူရှင်းနှုတ်ခမ်းဝမှ အသံတစ်သံအနေဖြင့်ထွက်ပေါ်မလာ။ထိုအစား အနည်းငယ်ဂဏာမငြိမ်သော မျက်ဝန်းတစ်စုံနှင့်အတူ အချင်းချင်းတတောက်တောက်ထိခပ်နေသော လက်ချောင်းထိပ်လေးများက စီးချက်ညီလှုပ်ရှားလျက်။

"Kiraဆိုတာ ဘယ်သူလဲဆိုတာသိချင်လို့လား။ဘယ်သူဖြစ်ရမှာလဲ...Kiraက Kiraပဲပေါ့"

ငုံ့နေသောခေါင်းလေးမော့လာပြီး ခမ်းညားကိုမျက်စောင်းထိုးနေတဲ့မြူရှင်းကို ချဥ်ပြုံးပြုံးမျက်နှာပေးနဲ့တစ်ချက်ကြည့်ပြီး...

"အိုဟိုး....သေးသေးလေးစတာကို။
မြူမြူလေးကသိချင်နေတာ ကိုကြီးကပြောပြပေးမှာပေါ့။သေချာရေရေလည်လည်နားထောင်နော်"

••••••••••••••••••••••••••••••••

Kira Company Limited......

နိုင်ငံ့အကြီးအကဲတွေကအစ သည်းသည်းလှုပ်အလေးထားရတဲ့အမည်နာမတစ်ခု။နိုင်ငံ၏စီးပွားရေးလောကမှာ ဤနာမည်သည် ဒိတ်ဒိတ်ကြဲဖြစ်ပြီး ထိုအမည်နာမမှ ထွက်ပေါ်လာသမျှ စကားသံတို့သည် တစ်သွေးတစ်သံတစ်မိန့်ဖြစ်သည်။

ဤနိုင်ငံတွင် အခြေစိုက်တည်ထောင်ထားသောKira companyသည်  လုပ်ငန်းပေါင်းမျိုးစုံကို ချဲ့ထွင်လုပ်ကိုင်လျှက်ရှိသည်။အသေးအမွှားစီးပွားရေးလုပ်ငန်းမှအစ တရားဝင်လက်နက်ထုတ်လုပ်သည်အထိ Kira၏နယ်ပယ်သည်ကျယ်ပြန့်သည်။

CLOVER Where stories live. Discover now