Part-19

155 17 12
                                    

      Unicode version

တောင်တော်ပေါ်ကနေဆင်းတော့ အသွားတုန်းကတက်ခဲ့တဲ့လှေကားထစ်အတိုင်းမဆင်းတော့ပဲ တစ်ဖက်မှာရှိတဲ့ အဆင်းလမ်းလေးအတိုင်း ဆင်းလာဖြစ်သည်။

သို့သော် ဆင်းနေတဲ့အတောအတွင်းမှာပဲ မိုးကတဖြောက်ဖြောက်ကျလာလေ၏။တဖြည်းဖြည်းနဲ့သည်းထန်စွာ ရွာသွန်းလာတဲ့မိုးကြောင့် တောင်အောက်သို့ရောက်သည့်အချိန်တွင် နှစ်ယောက်လုံးမိုးရေတွေစိုရွဲနေပြီဖြစ်သည်။

အကျိုးဆက်အနေနှင့် အိမ်အပြန်လမ်းမှာ မြူရှင်းဟာပြင်းထန်စွာ ဖျားပါတော့သည်။မိုးမိတာကတစ်ကြောင်း၊ခရီးပန်းတာကတစ်ကြောင်းကြောင့် မြူရှင်းကိုကိုလေးတစ်ယောက် ဖျားနာနေစဥ်အတောအတွင်း ဝေဒနာကိုပိုပိုသာသာခံစားရနေရ၏။

Flightနဲ့ပြန်ရတော့ပိုဆိုးသည်။တစ်လျှောက်လုံးဖွင့်ထားတဲ့ aircon​နှင့်ခြားနားစွာ မြူရှင်းရဲ့ကိုယ်အပူချိန်ကတော့ တိုးမြဲတိုးဆဲဖြစ်သည်။သူ့ဖခင်၏ရင်ခွင်လေးထဲ တအီအီနဲ့ငြိမ်နေသော မြူရှင်းကိုကြည့်ပြီး မျက်ရည်ဝဲလာသောDemoကြောင့်

"မငိုရဘူးလေသားရဲ့။အိမ်ပြန်ရောက်ရင် မြူရှင်းကနေပြန်ကောင်းလာတော့မှာ ။ သားကလိမ်မာတယ်။မငိုနဲ့နော် ။သားငိုတော့ မြူရှင်းလေးက စိတ်မကောင်းဖြစ်ပြီး ပိုဖျားလိမ့်မယ်။သားက အဲ့လိုမဖြစ်စေချင်ဘူးမို့လား။ဒါကြောင့်မို့ လိမ်မာတယ် တိတ်တိတ်"

ဟု လူကြီးများကပြန်ချော့ယူမှ မျက်ရည်လေးသုတ်ပြီးငြိမ်ငြိမ်လေးပဲ မြူရှင်းကိုကြည့်နေတော့သည်။

အိမ်ကိုပြန်ရောက်တော့လည်း ကိုယ့်အိမ်ကိုယ် ပြန်မနားနေပဲ မြူရှင်းရှိရာဆီလိုက်လာကာ မြူရှင်းနဲ့အတူတူပူးကပ်ပြီး နေနေတာကြောင့်" အဖျားကူးပါ့မယ် "ဟုစိတ်ပူစွာဆိုသော လူကြီးတွေရဲ့စကားကို ဒီတစ်ကြိမ်တော့ အမြဲစကားနားထောင်တတ်တဲ့ကလေးလေးဟာ ခေါင်းကို သွင်သွင်ခါပြီးငြင်းပါလေ၏။နောက်ဆုံး လက်လျှော့ကာ အနားတွင်နေစေမှ မြူရှင်းရဲ့ဘေးတွင် တောက်လျှောက်ကပ်နေတော့၏။

<><><><><><><><><><><><><><><><><><><><><><><>

CLOVER Where stories live. Discover now