Part-10

199 22 2
                                    

      Unicode Version

Flash back!!!

မြူရှင်းကိုကိုနှင့်ခမ်းညားတို့ထွက်သွားပြီး အတန်ကြာသည်အထိ ကန်တင်းမှာ Kiraတို့ရှိနေဆဲဖြစ်သည်။Kiraနဲ့ သိုင်းဘုန်းတို့ အကြောင်းအရာတစ်ခုကို အခြေအတင်ပြောနေတုန်းရှိသေး ဘေးနားခုံဝိုင်းဆီမှ ရုတ်ရုတ်ရုတ်ရုတ် ပြောသံတွေကို နားစွင့်ကြည့်တော့...

"Section Bက ကျောင်းသားသစ်တွေတော့ သေတာပဲကွ။အားကစားချိန်မှာ တစ်ချို့ကျောင်းသားတွေက sport uniformဝတ်မလာလို့ နည်းပြကြီးဒေါပွနေတာတဲ့ကွာ။ဘယ်လောက်ကြောက်ဖို့ကောင်းနေမယ်ဆိုတာ ငါတော့တွေးကြည့်ပြီး မြင်ယောင်နေပါပြီ"

"ဒီနှစ်မှကျောင်းပြောင်းလာတဲ့ကောင်တွေ ဦးကျိုးတာပေါ့။နည်းပြကြီးက ကျောင်းသားသစ်တွေဆိုရင် အပိုးကျိုးအောင် ပိုဖိတတ်တာ။ငါပြောင်းလာခါစကဆို သူ့ကိုမြင်ရင်ကို ခြေတွေလက်တွေတုန်နေပြီ"

"ဟ!!!ဟေ့ရောင်တွေ ဒီမှာ ဒီမှာ Groupထဲမှာခုပဲတင်လိုက်တာ။မိန်းကလေးသုံးယောက် မူးလဲပြီး ကောင်လေးတစ်ယောက်ပါပါတယ်တဲ့။ကောင်လေးကဖြူဖြူသေးသေးလေးကွ။နည်းပြကြီး စိတ်ဆိုးလို့အပြစ်ပေးရင် တော်ရုံကျောင်းသား အပင်ပန်းခံနိုင်ရိုးလား။ပိန်ပိန်သေးသေးလေးပဲကို ကျွတ်!! "

ဖြူဖြူသေးသေး!!

မဟုတ်မှ.....

Kiraစိတ်ထဲ ဗြောင်းဆန်သွားရသည်။စားပွဲကိုလက်ထောက်ပြီး ဝုန်းခနဲထရပ်တော့ သိုင်းဘုန်းပါလန့်သွား၏။

"သိုင်းဘုန်း!!မင်းဒါတွေ ရှင်းပေးပါဦး။ငါတစ်နေရာကို သွားကြည့်စရာရှိလို့"

ထိုစကားကိုတောင် ပြေးနေရင်းအော်ပြောကာ အလောတကြီးထွက်သွားတဲ့ Kira။

"ကျစ် ချက်ချင်းကြီး ဘာထဖြစ်တာလဲ???"

<<<<<<<<<<<<<<>>>>>>>>>>>>>>>>

အားကစားကွင်းကိုသွားနေတဲ့လမ်းတစ်လျှောက် ပြာပန်းခတ်နေတဲ့ Kiraရဲ့ပုံစံကို လမ်းမှာတွေ့တဲ့သူတိုင်းက ကြည့်သွားကြတာမို့ Kiraလည်း စိတ်ကိုထိန်းကာ ခပ်အေးအေးလျှောက်လာပေမယ့် ခြေလှမ်းတွေက ပုံမှန်ထက်မြန်နေတာကို Kiraကိုယ်တိုင်ပင် သတိထားမိလိမ့်မည်မဟုတ်။

CLOVER Where stories live. Discover now