Ch.1(U+Z)

3.6K 316 12
                                    

🍓Unicode🍓

လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုရှိခဲ့တယ်....

အာလာဒင်ဆိုတဲ့ကောင်လေးနဲ့သူ့ရဲ့မီးခွက်စောင့်ဘီလူးဂျီးနီတို့ရဲ့အကြောင်းပေါ့...တစ်ချို့ကြတော့ဒါတွေဟာ ဒဏ္ဍာရီတစ်ခုလို့ယုံကြည်ကြပြီး...တစ်ချို့ကြတော့လည်းအိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို့သာယုံကြည်ကြတယ်....

တကယ်တော့ ဒီအဖြစ်အပျက်တွေအားလုံးဟာတကယ်ရှိနေခဲ့တာပါ...ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ပါဘူး။အားလုံးဟာအပြာရောင်မီးခွက်စောင့်ဘီလူးကြီးဂျီးနီမှော်မီးခွက်ကနေအာလာဒင်ရဲ့ဆုတောင်းကြောင့်လွတ်မြောက်ခဲ့တာကိုပဲသိခဲ့ကြတာပါ...နောက်ပိုင်းဘာတွေဆက်ဖြစ်လို့ဖြစ်ခဲ့ကြမှန်းဘယ်သူမှမသိခဲ့ကြပါဘူး။

မီးခွက်စောင့်ဂျီးနီရဲ့နေရာမှာအစားဝင်ခဲ့ရတဲ့ဆိုးဝါးတဲ့အမတ်ကြီးရဲ့လွတ်မြောက်ရာဟာနောက်နှစ်တစ်သောင်းအကြာမှာပေါ်ပေါက်လာခဲ့ပါတယ်....

အဲ့လိုလွတ်မြောက်အောင်လုပ်ခဲ့တဲ့အဓိကတရားခံကတော့ယုန်ဖြူလေးတစ်ကောင်ပဲဖြစ်တယ်...ယုန်ဖြူလေးကလမ်းမှားရင်းမှော်မီးခွက်ရှိတဲ့ဂူကြီးထဲကိုရောက်သွားခဲ့တာ...နောက်တော့မီးခွက်လေးကိုနမ်းရှုံ့လိုက်၊သူ့လက်တွေနဲ့တို့ဆိတ်လိုက်ပွတ်တိုက်လိုက်လုပ်ရာကနေ မီးခွက်စောင့်ဖြစ်တဲ့ဆိုးရွားတဲ့အမတ်ကြီးကိုလွတ်မြောက်သွားစေမိခဲ့တယ်။

(***ယုန်ဖြူလေးဟာ ထာဝရရှင်သန်နိုင်တဲ့ မှော်သားရဲလေးလို့ယူဆပေးပါ***)

မှော်မီးခွက်လေးလှုပ်လာကာအထဲကနေအပြာရောင်အခိုးအငွေ့တွေထွက်လာတဲ့အခါယုန်ဖြူလေးဟာ စူးစမ်းသလိုလိုက်ကြည့်နေမိသည်။ထို့နောက်မီးခွက်ထဲကထွက်လာတဲ့မကောင်းဆိုးဝါးကြီးကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားကာ နောက်သို့ပြန်လှည့်ပြေးမိတော့သည်။

"ဟားးးးဟားးးးဟားးးနောက်ဆုံးတော့ငါလွတ်လပ်မယ့်နေ့ကိုရောက်လာခဲ့ပြီ!!!!"

ယုန်ဖြူလေးဟာ​ခုန်စွခုန်စွပြေးနေရာမှကြားလိုက်ရတဲ့အသံနက်ကြီးကြောင့်နောက်ကိုလှည့်ကြည့်လိုက်မိသည်။နားရွက်လေးတွေကလည်းထောင်လို့ထားသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now