Ch.16(U+Z)

1.6K 233 11
                                    

🍓Unicode🍓

"ဒီမီးတွေငြိမ်းသက်ပြီး အားလုံးအန္တရာယ်ကင်းဖို့ဆုတောင်းပါတယ်"

"ကောင်းပါပြီ သခင်..."

ကျန့်ကျန့်သခင့်ရဲ့ဆုတောင်းသံကိုကြားပြီးသည်နှင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။ရုတ်တရက်ကောင်းကင်တစ်ခုလုံးမှောင်မဲလာကာ မိုးတွေသည်းစွာရွာချလာတော့သည်။

လူတွေကလည်း စောနကမှလင်းထင်းနေတဲ့ကောင်ကင်ကြီးဟာ ရုတ်တရက်မဲမှောင်ကာမိုးတွေရွာသွန်းလာတာကြောင့်အံ့သြတကြီးဖြစ်နေကြရသည်။မိုးတွေသည်းလွန်းတာ​များ တစ်ယောက်နဲ့တစ်ယောက်တောင်မမြင်နိုင်လောက်တဲ့အထိကိုပင်...

ထိုမိုးစက်တွေကြောင့်မီးတောက်မီးလျှံတွေဟာအရှိန်လျော့ကာငြိမ်းသက်သွားရတော့သည်။

မီးငြိမ်းသွားတဲ့အခါချက်ချင်းပင်ရပ်တန့်သွားတဲ့မိုးစက်တွေ...ခနအတွင်းမှာပင်တိမ်မဲတွေကင်းစင်ကာ ကြည့်လင်သောကောင်းကင်ပြာကြီးပေါ်ထွက်လာတော့သည်။

မိုးတိတ်သွားတာနဲ့တစ်ပြိုင်နက်ကယ်ဆယ်ရေးသမားတွေနဲ့မီးသတ်သမားတွေဟာ wang companyထဲသို့ပြေးဝင်သွားကြတော့သည်။

ဝမ်ဖွားဖွားနဲ့ဝမ်မားမှာတော့နတ်ကောင်းနတ်မြတ်တွေကိုကျေးဇူးတင်လို့ဆိုကာထိုနေရာမှာတင်ကန်တော့နေကြတော့သည်။ရိပေါ်ကတော့သူ့လက်ကို လာဆုပ်ကိုင်ပေးထားတဲ့မီးခွက်စောင့်လေးကိုကြည့်နေမိသည်။

ကယ်ဆယ်ရေးသမားတွေက ပိတ်မိနေတဲ့သူတွေအားလုံးအန္တရာယ်ကင်းကြောင်းဆိုတဲ့အခါမှာတော့လူတွေအားလုံးပျော်ကြရသည်။

သတိမေ့နေတဲ့လူတွေကိုဆေးရုံတင်ကြရသည်။ဝမ်ပါးကလည်းသတိမေ့နေတဲ့အထဲမှာပါတာကြောင့် ဝမ်မိသားစုပိုင်ဆေးရုံတစ်ခုမှာသာ အမြန်တင်လိုက်ကြသည်။

ကျိုးချန်နဲ့ဟောက်ရွှမ်းကလည်းသူ့တို့အိမ်တွေကိုဖုန်းဆက်ကာစိတ်မပူဖို့ပြောရသည်။သူတို့ပါပါးနှစ်ယောက်လုံးကပြည်ပကိုခရီးသွားနေတာမို့ တရုတ်ကိုချက်ချင်းပြန်မလာနိုင်ကြ...အဝေးကသာစိတ်ပူနေကြရသည်။
____________________

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now