Ch.2(U+Z)

2.5K 301 21
                                    

🍓Unicode🍓

"ဟိတ်ကောင် ရိပေါ်!!!ငါတို့ကိုစောင့်ဦးကွ!!!"

ရိပေါ်နောက်ကိုအသည်းအသန်ပြေးလိုက်နေရတဲ့ကျိုးချန်နဲ့ဟောက်ရွှမ်းတို့နှစ်ယောက်

ခုသူတို့သုံးယောက်က ကမ်းခြေတစ်ခုကိုအပန်းဖြေခရီးထွက်လာတာဖြစ်သည်။ဒီလိုပြောလို့ ဘာစိတ်ညစ်စရာတွေရှိလို့လည်းလို့မမေးနဲ့။ဘာမှကိုစိတ်ညစ်စရာမရှိတာ...မိဘတွေရှာထားတဲ့ပိုက်ဆံတွေကိုအေးဆေးထိုင်ဖြုန်းနေတဲ့သူဌေးသားလေးတွေ....

ခုလည်းကမ်းခြေမှာစော်လေးတွေကိုအပီငမ်းရမလားမှတ်တယ်...သကောင့်သားရိပေါ်ရဲ့ နောက်ကိုမှီအောင်မနဲပြေးလိုက်နေရသည်။အကြောင်းကတော့ကမ်းခြေကအုန်းသီးသည်ကြီးဆီမှာအုန်းရေဝယ်သောက်ပြီး ပိုက်ဆံမပေးပဲထွက်ပြေးနေကြတာဖြစ်သည်။

ပိုက်ဆံတွေကိုရေလိုသုံးနေတဲ့သူဌေးသားလေးတွေကပိုက်ဆံမရှင်းပဲထွက်ပြေးနေရတာက မိဘတွေကသူတို့ရဲ့ကျောင်းပြေးပြီးကမ်းခြေသွားတာကိုသိသွားပြီး cardတွေပိတ်လိုက်တာကြောင့်ဖြစ်သည်။

ခုတော့အုန်းသီးဖိုးတောင်မရှင်းနိုင်ဘဲခွေးပြေးဝက်ပြေးပြေးနေရတော့သည်။ဝမ်ရိပေါ်တို့ကဒါမျိုးကြတော့ခြေထောက်မှာစက်တပ်ထားသလားမှတ်ရတယ်...ပြေးလိုက်တာများရှေ့ဆုံးကပင်

အုန်းသီးသည်လည်းကြာတော့သူတို့နောက်ကိုဆက်မလိုက်နိုင်တော့ဘူးထင်ပါတယ်....နောက်ကြောင်းပြန်လှည့်သွားတော့သည်။ထိုအခါမှသုံးယောက်သားပြေးနေတာကိုရပ်လိုက်ကာ သဲသောင်ပေါ်မှာအမောစို့ကာလဲနေကြတော့သည်။

"ဒါနဲ့...ငါတို့ဒီည ဘယ်မှာအိပ်ကြမလဲ...ဟိုတယ်မှာနေဖို့နေနေသာသာ အိမ်ပြန်ဖို့ပိုက်ဆံတောင်မရှိတော့ဘူး"

ဟောက်ရွှမ်းစကားကြောင့်ရိပေါ်တစ်ယောက်အမောဖြေနေရာမှ အိမ်ကပါးနဲ့မားကိုမေတ္တာပို့မိတော့သည်။ဒါကိုဖွားဖွားမသိတာသေချာသည်။ဖွားဖွားဝမ်ကရိပေါ်ကိုသိပ်အလိုလိုက်ပြီးသိပ်ချစ်တာ...အိမ်ပြန်ရောက်မှပါးနဲ့မားကို ဖွားနဲ့ချွန်ပေးလိုက်ဖို့တေးထားလိုက်သည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now