Ch.14(U+Z)

1.6K 232 13
                                    

🍓Unicode🍓

အချိန်တွေဟာတစ်ရွေ့ရွေ့ကုန်ဆုံးလာသလိုကျန့်ကျန့်နဲ့ရိပေါ်ရဲ့ဆက်ဆံရေးဟာလည်းပိုပြီးရင်းနှီးလာကြသည်။

ကျန့်ကျန့်ကရိပေါ်ရဲ့ဘေးနားမှာနေ့စဥ်မပျက်အမြဲရှိနေတတ်သည်။သူ့သခင်ဘာလုပ်လုပ်အမြဲငေးကြည့်နေတတ်သည်။

ကျန့်ကျန့်တစ်ယောက်စာသင်နေတဲ့သခင့်ကိုဘေးကနေထိုင်ကာငေးကြည့်နေမိသည်။သခင်ကအတန်းထဲမှာတစ်ယောက်ထဲအမြဲထိုင်သည်တဲ့....ခုတော့သခင့်ဘေးနားမှာထိုင်ဖို့ရာကျန့်ကျန့်ရှိနေပြီလေ....

သခင်ကကြင်နာတတ်တယ်...သခင်ကသူ့ကိုဂရုစိုက်ပေးတတ်တယ်...ပြီးတော့သခင်ကအရမ်းချောတယ်

သခင်ဖြစ်သူရဲ့အကြောင်းတွေကိုတွေးကာတွေးကာနှင့်ခနအကြာ ခုံပေါ်မှာပဲအိပ်ပျော်သွားတော့သည်။

'ဒုန်းးးးး'

အတန်းထဲကိုစဝင်လာထဲက စားပွဲခုံကိုလက်နဲ့ထုလိုက်တဲ့ဆရာမကြောင့်ကျောင်းသားတစ်ချို့ငိုက်နေတာတောင်ဘယ်တွေရောက်ကုန်မှန်းမသိတော့

ဒီဆရာမကသူ့တို့ဒုတိယနှစ်သမားတွေရဲ့အင်္ဂလိပ်စာဆရာမဖြစ်သည်။အရမ်းကြမ်းတာကြောင့်ကျောင်းသားတိုင်းကဒူးတုန်ကြရသည်။

ဆရာမကကျောင်းသားတွေရဲ့အခြေအနေကိုတစ်ချက်အကဲခတ်ကာ စာ စသင်တော့သည်။ဘယ်သူမှမလှုပ်ရဲကြတဲ့ဒီဆရာမအချိန်မှာ မကြောက်မရွံ့ငိုက်နေတဲ့ယွီဖုန်းဆိုတဲ့ကျောင်းသားတစ်ယောက်လည်းရှိသေးသည်။ထိုကျောင်းသားကမီးခွက်စောင့်လေးရဲ့နောက်ကခုံမှာနေရာယူထားသည်။

အင်္ဂလိပ်စာဆရာမက စာသင်နေရင်းငိုက်နေတဲ့ယွီဖုန်းကိုမြင်သွားတော့သည်။ဆရာမရဲ့ထုံးစံအတိုင်းလက်ထဲကdusterနဲ့လှမ်းပေါက်လိုက်တော့သည်။

ကျန့်ကျန့်တစ်ယောက်အိပ်ပျော်နေရာမှနိုးလာကာ ကျောဆန့်လိုက်တဲ့အချိန်နဖူးကိုခွက်ခနဲလာမှန်တဲ့ dusterတစ်ခု

ဆရာမရဲ့ပစ်ချက်ကအားပါတာကြောင့်ကျန့်ကျန့်နဖူးလေးနာသွားရတော့သည်။အိပ်ရာထကာစ ရုတ်တရက်ဖြစ်သွားတာမို့မှော်အစွမ်းတောင်မသုံးလိုက်နိုင်

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now