Ch.8(U+Z)

1.9K 257 2
                                    

🍓Unicode🍓

ကျန့်ကျန့်တစ်ယောက် သခင့်ဘေးနားမှာထိုင်ရင်းစကားတွေအများကြီးပြောနေမိသည်။အပြင်လောကကြီးနဲ့သိပ်မထိတွေ့ဖူးတဲ့သူမို့ ကြည့်စရာသဘာဝရှုခင်းတွေက မကုန်နိုင်မခမ်းနိုင်...

ကားမှန်လေးကနေမြင်နေသမျှအားလုံးကိုလိုက်ကြည့်နေမိသည်။တစ်အောင့်လောက်ကြာလို့ ဘေးနားကသခင့်ကိုပြန်ကြည့်လိုက်တော့အိပ်ပျော်လို့တောင်နေလေပြီ..

ကျန့်ကျန့် သခင့်ကိုခိုးကြည့်ကာနဖူးပေါ်မှာဝဲကျနေတဲ့သခင့်ရဲ့ ဆံစတိုတိုလေးတွေကိုသပ်တင်ပေးမိသည်။

"ဟီးးး သခင်ကအရမ်းချောတာပဲ"

သခင့်ကိုငေးကြည့်နေရင်းမှရုတ်တရက်ပြောင်းလဲသွားတဲ့ရာသီဥတုကိုကျန့်ကျန့်သတိထားမိလိုက်သည်။

ကောင်းကင်တစ်ခုလုံးတိမ်မဲတွေအုပ်စိုးလာကာ လေတွေလည်းတဝှီးဝှီးတိုက်ခတ်လာတော့သည်။တခနအတွင်းမှာပင်မိုးရေစက်တွေကျဆင်းလာကာ မိုးချုန်းသံတွေလည်းထွက်ပေါ်လာတော့သည်။

ယခုလက်ရှိမောင်းနေရတဲ့ကားလမ်းက တောင်စောင်းတွေကိုဖြတ်မောင်းရတာမို့လမ်းတစ်ဖက်ကိုကြည့်လိုက်လျှင်ချောက်နက်ကြီးတွေကိုတွေ့ရသည်။ကားဆရာကလည်းအန္တရာယ်များတာမို့ကားကိုသေချာသတိထား၍မောင်းနေရသည်။

ဆိုးဝါးလှတဲ့ရာသီဥတုကြောင့်ကားပေါ်မှာစီးနင်းလိုက်ပါလာတဲ့ခရီးသည်များကလည်းလန့်နိုးလာကြသည်။

'ဝုန်းးးးး'

ရုတ်တရက်ဆိုသလိုကျယ်လောင်သောအသံကြီးကိုကြားလိုက်ရသည်။ထိုအသံကတော့ သေချာပေါက် မိုးကြိုးပစ်သံပင်ဖြစ်သည်။ကောင်းကင်ယံမှာလည်းလျှပ်စီးကြောင်းတွေကကြောက်စရာကောင်းလောက်အောင်လက်နေတော့သည်။

ကားပေါ်မှာပါလာတဲ့ခရီးသည်အချို့ကတော့ရသမျှတရားစာတွေ...ဂါထာတွေကိုရွတ်ဖတ်နေတော့သည်။တစ်ချို့ကြတော့လည်းနတ်တွေကိုဆုတောင်းနေကြပြန်သည်။ထိုစဥ်မှာပင်...

'ဝုန်းးးးး'

ထပ်မံပြီးပစ်လွှတ်လိုက်တဲ့မိုးကြိုးဟာ ကံဆိုးစွာပင်သူတို့ကားလေးရဲ့ရှေ့တည့်တည့်ကသစ်ပင်ကြီးကိုထိသွားလေသည်။ထိုသစ်ပင်ကြီးမှာ လမ်းမပေါ်သို့ လဲကျလာတော့သည်။ကားဆရာကလည်းလွတ်ရန်မိုင်ကုန်မောင်းလိုက်ပေမယ့်ကံဆိုးစွာပင် ကားနောက်မှီးပိုင်းကိုထိသွားကာ သူတို့ကားလေးမှာချာလပတ်ရမ်းသွားတော့သည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now