💎Final💎

2.2K 237 32
                                    

🍓Unicode🍓

ကျန့်ကောဆိုတဲ့သူ့ထက်အသက်ခြောက်နှစ်ကြီးတဲ့သူလေးရဲ့လက်ကိုကိုင်ဆွဲလို့ အမိမြေကိုပြန်လာခွင့်ရခဲ့တဲ့ရိပေါ်က ဂျီးနီးကိုသိပ်ကျေးဇူးတင်မိတယ်

ကျန့်ကောရဲ့ပြောပြချက်အရ...ဂျီးနီဟာ ရိပေါ်ရဲ့အသက်ကို အလဲအလှယ် တစ်ခုနဲ့ကယ်တင်ခဲ့တာပါတဲ့...အဲ့ဒီအလဲအလှယ်ကိုသိခဲ့ရတဲ့ရိပေါ်ကသိပ်ကိုရင်နာမိခဲ့တယ်

ကျန့်ကျန့် တစ်ဖြစ်လဲ ယုန်ဖြူလေးဟာမီးခွက်ထဲမှာပိတ်လှောင်ခံရင်း မရေမတွက်နိုင်တဲ့နှစ်တွေကိုသူ့အတွက်အလဲအထပ်လုပ်ခဲ့တာကြောင့်ဖြစ်သည်။

နောက်တော့ မီးခွက်စောင့်လေးကျန့်ကျန့်နဲ့သခင်ဖြစ်သူဝမ်ရိပေါ်တို့ရဲ့စစ်မှန်လှတဲ့ချစ်ခြင်းတ​ရားကြောင့် ဂျီးနီဟာ လက်ဆောင်တစ်ခုပေးခဲ့တယ်

အဲ့ဒါကတော့ယုန်ဖြူလေးဟာလူသားတစ်ယောက်အဖြစ်နေထိုင်နိုင်ခွင့်ဖြစ်သည်။သခင်ဖြစ်သူရဲ့အသက်နဲ့ အလဲအထပ်လုပ်ခဲ့တဲ့ကိစ္စကိုတော့မရှိသလိုပျောက်ပျက်စေခဲ့သည်။သို့ပေမယ့် လူသားတစ်ယောက်ကိုချစ်မိတဲ့မီးခွက်စောင့်တစ်ယောက်ရဲ့ စည်းကမ်းဖောက်ဖျက်မှုပြစ်ဒဏ်ကြောင့်မီးခွက်ထဲမှာ၁၅နှစ်တိတိနေဖို့ ဂျီးနီကသတ်မှတ်ခဲ့တယ်။

ပြစ်ဒဏ်ခံရတဲ့နေ့ကစလို့ ခုလက်ရှိအချိန်အထိ သခင်ဖြစ်သူဝမ်ရိပေါ်က ကျန့်ကျန့်ဘေးကင်းဖို့အတွက်နဲ့သူ့ဆီပြန်လာဖို့အတွက်ကို နေ့စဥ်ဆုတောင်းခဲ့တယ်လို့ ဂျီးနီရဲ့ပြောပြချက်အရကျန့်ကျန့်ကသိခဲ့ရပါသည်။

ကြယ်တွေကိုကြည့်ကာဆုတောင်းလို့တစ်မျိုးးး..ပုလင်းလွတ်လေးတွေကိုစာရေးလို့ပင်လယ်ထဲကိုပစ်လို့တစ်ဖုံ...ကျန့်ကျန့်အတွက် ပုံစံအမျိုးမျိုးနဲ့ဆုတောင်းပေးခဲ့ပါတယ်တဲ့လေ...ဒါတောင် စက္ကူလှေလေးတွေကိုခေါက်လို့ မြစ်ထဲကိုလည်းမျှောကာဆုတောင်းပေးခဲ့ပါသေးတယ်တဲ့

နေ့တွေ...ရက်တွေ...လတွေ...နှစ်တွေသာကူးပြောင်းခဲ့ပေမယ့် နေ့စဥ်မပြတ်ဆုတောင်းလို့ပေးနေစဲပါပဲတဲ့လေ...၈နှစ်အကြာမှာတော့ဂျီးနီဟာ စစ်မှန်လှတဲ့ချစ်ခြင်းတရားတွေအတွက် ကျန့်ကျန့်ကိုပြစ်ဒဏ်တွေကနေထပ်မံလွတ်မြောက်ခွင့်ပေးခဲ့တယ်

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now