Ch.13(U+Z)

1.7K 241 15
                                    

🍓Unicode🍓

ကျောင်း၁ပတ်ပြေးခဲ့တဲ့ဝမ်သခင်လေးဝမ်ရိပေါ်ဟာ ဒီမနက်မှာတော့ ကျောင်းသွားရန်ပြင်နေရတော့သည်။

မီးခွက်လေးကိုလည်းအစိမ်းရောင်လွယ်အိတ်လေးထဲမပါမဖြစ်ထည့်သွားသေးသည်။

Universityထဲကို ဝင်လာတဲ့အစိမ်းရောင်ဆိုင်ကယ်ကြီးနဲ့ကောင်လေးက မိန်းကလေးတိုင်းရဲ့အသည်းစွဲ...

ကျန့်ကျန့်ကတော့မီးခွက်ထဲကနေ နားကိုလက်နဲ့ပိတ်ထားရသည်။အပြင်ဘက်ကအော်နေကြတဲ့မိန်းကလေးတစ်သိုက်ရဲ့အော်သံက ကောင်ကင်ထိပါပေါက်တော့မယ်

ဝမ်သခင်လေးအတွက်ဆိုင်ကယ်ထားရန်ကျောင်းကသီးသန့်စီစဥ်ပေးထားရသည်။ရိပေါ်လည်းဆိုင်ကယ်ထားကာ သော့ခတ်လိုက်ပြီးနောက် Canteenဘက်သို့ဦးတည်လိုက်သည်။ခုအချိန်ဆိုသေချာပေါက် ဟောက်ရွှမ်းနဲ့ကျိုးချန်က canteenမှာပဲရှိလိမ့်မည်။

ရိပေါ်သွားရာလမ်းတစ်လျှောက်မှာ ဓာတ်ပုံခိုးရိုက်နေကြတဲ့ကောင်မလေးတွေကတစ်မျိုး၊လက်ဆောင်လာပေးကြတဲ့ကောင်မလေးတွေကတစ်ဖုံ...တစ်ချို့သူတွေကလည်းပြုံးစစနဲ့အထာပေးနေကြပြန်သည်။မိန်းကလေးတွေသာမက ကျောင်းရဲ့ယောက်ျားလေးတစ်ချို့ကတောင် ရိပေါ်ကိုသဘောကျနေကြသည်။

ရိပေါ်ကတော့သူ့ရဲ့အချေစတိုင်နဲ့အတူခပ်တည်တည်သာလမ်းလျှောက်သွားတော့သည်။

canteenရောက်တော့မုန့်တွေအသေစားသောက်နေကြသည့် နှစ်ကောင်ကိုတွေ့လိုက်ရသည်။

"ဟာ...ကျောင်းရဲ့kingကြီးလာပြီ...ထိုင်ပါခင်ဗျ"

ပြောင်စပ်စပ်နဲ့ပြောနေတဲ့ကျိုးချန်ကိုရိပေါ်လက်သီးထောင်ပြလိုက်သည်။ဟောက်ရွှမ်းကတော့မုန့်စားလိုက်စကီငမ်းလိုက်နှင့် ဟုတ်နေတာပါပဲ

"မင်းတို့နှစ်ကောင် အရိုက်ခံရသေးလား"

ရိပေါ်ရဲ့အမေးကြောင့်မျက်နှာကြီးရှုံ့မဲ့ပြလာတဲ့ထိုနှစ်ကောင်...သေချာပေါက်မီးခွက်စောင့်လေးလောက်ချစ်ဖို့မကောင်းဘူးပေါ့

"ရိုက်တာပေါ့ကွ...ခုလက်ထိကိုတင်ပါးတွေနာနေတုန်းပဲ...မင်းကတော့ဖွားဖွားရှိနေတော့ ဘယ်အရိုက်ခံရပါ့မလဲ"

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now