Ch.21(U+Z)

1.7K 220 28
                                    

🍓Unicode🍓

"အရှင်ဂျီးနီး...သခင်ကိုကယ်ပေးပါ...သခင်သာအသက်ပြန်ရှင်မယ်ဆိုရင် ကျန့်ကျန့်အားလုံးကိုလုပ်ပါ့မယ်"

"ကောင်းပြီလေ...အသင်ဟာနှစ်သန်းပေါင်းများစွာမီးခွက်ထဲမှာပိတ်လှောင်ခံရမယ်...ပြီးတော့စည်းကမ်းဖောက်မိတဲ့အတွက်ပြစ်ဒဏ်ခံယူရမယ်...ဘယ်လိုလဲ...ကယ်ချင်သေးရဲ့လား"

ယုန်ဖြူလေးဟာ သွေးအိုင်ကြားထဲမှာအသက်မဲ့နေတဲ့သူ့ချစ်ရတဲ့သခင်ဖြစ်သူအားတစ်ချက် ပြန်ကြည့်လိုက်သည်။

"သခင်သာ အသက်ရှင်မယ်ဆိုရင် ကျန့်ကျန့်အားလုံးကိုလက်ခံနိုင်ပါတယ် အရှင်ဂျီးနီ"

"ဒါဟာသင့်ရဲ့ဆန္ဒ အမှန်ဆိုရင်တော့...ကောင်းပြီလေ..."

ဂျီးနီဟာလက်ဖျောက်တစ်ခက်တီးလိုက်သည်နှင့်ကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်းသွားလေတော့သည်။ထို့နောက်တွင်တော့.........
_____________________

ရိပေါ်တင်းကြပ်နေတဲ့သူ့ရဲ့မျက်လုံးတွေကိုအားယူကာဖွင့်ကြည့်လိုက်သည်။သူသေသွားပြီလားးး သူကောင်ကင်ဘုံကိုရောက်နေပြီလားး

အမျိုးမျိုးတွေးမိပေမယ့် တကယ့်တော့သူရောက်နေတဲ့နေရာဟာ သူ့ရဲ့ဆိုင်ကယ်ဦးထုပ်တွေ..စကိတ်တွေနဲ့ပြည့်နေတဲ့ အစိမ်းရောင်အခန်းလေးမှာသာဖြစ်သည်။

ရိပေါ်လန့်ကာထထိုင်လိုက်မိသည်။ထို့နောက်သူ့ခန္ဓာကိုယ် ကိုသူပြန်စမ်းကြည့်မိသည်။သွေးတွေ...သွေးတွေပေကျံမနေဘူးးးနာကျင်တာမျိုးကိုလည်းသူမခံစားရဘူးးး သူအိမ်မက်မက်နေခဲ့တာလားးး

မီးခွက်ကလေးကိုသတိရမိသွားတာကြောင့်ရှာကြည့်ပေမယ့်မတွေ့ရတော့...အခန်းထဲကအရာဝတ္ထုတွေသာရှုပ်ပွသွားခဲ့ပေမယ့် မီးခွက်ကလေးကတော့ရှိမနေခဲ့ပါ။

ရိပေါ်အခန်ထဲမှအမြန်​ထွက်ကာ အောက်ထပ်သို့ပြေးဆင်းသွားမိသည်။အောက်ထပ်ကိုရောက်လို့မြင်နေရတဲ့နာရီကိုကြည့်လိုက်တော့မနက်၁၀နာရီထိုးလို့နေသည်။

ထမင်း၊ဟင်းတွေကိုယ်တိုင်ချက်ပြုတ်နေတဲ့ဝမ်မားဆီကိုပြေးသွားလိုက်သည်။မားကတော့အမောတကြီးဖြစ်နေတဲ့ရိပေါ်ကိုထူးဆန်းသလိုကြည့်လာသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now