Ch.19(U+Z)

1.7K 216 21
                                    

🍓Unicode🍓

ဝမ်ဖွားဖွားတစ်ယောက် မြေးလေးရဲ့ဘေးမှာရပ်နေတဲ့ ရှောင်းကျန့်ဆိုတဲ့ကလေးကိုသေချာကြည့်နေမိသည်။မြေးလေးသဘောကျရင်လည်းကျချင်စရာပါပဲ...တစ်ကယ်ကိုကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာကို

"ကျန့်ကျန့်လေး...ဖွားဆီကိုလာပါဦး"

ဝမ်ဖွားဖွားရဲ့ခေါ်သံကြောင့် ကျန့်ကျန့်လည်းဖွားဘေးနာကိုသွားလိုက်သည်။ဘေးနားကိုရောက်သည်နှင့်သူ့လက်ကလေးကိုလာကိုင်တဲ့ဝမ်ဖွားဖွား

"မြေးလေးရဲ့ ချစ်သူဆိုတော့ ဖွားရဲ့မြေးပဲပေါ့...ထိုင်ပါဦးကွယ်"

ကျန့်ကျန့်ဝမ်ဖွားဖွားကိုပြုံးပြကာဖွားဖွားရဲ့ဘေးနားမှာဝင်ထိုင်လိုက်သည်။သခင်ကတော့ကျန့်ကျန့်ရဲ့ဘေးမှာထိုင်နေတာဖြစ်သည်။ဝမ်ပါးနဲ့ဝမ်မားကလည်းကျန့်ကျန့်နဲ့သခင့်ကိုအကဲခတ်သလိုကြည့်နေကြသည်။သဘောမကျတဲ့အရိပ်အယောင်တော့မတွေ့ရပေ

"​ကျန့်ကျန့်လေးက အသက်ဘယ်လောက်ရှိပြီလဲကွယ့်"

"ကျန့်ကျန့်က တွက်ကြည့်လိုက်မယ်ဆိုရင်...နှစ်ပေါင်းးး"

လက်ညှိုးလေးနဲ့နားထင်ကိုထောက်ကာစဥ်းစားကာပြောနေတဲ့ကျန့်ကျန့်ကြောင့်ရိပေါ်အမြန်ပင်ဝင်ပြောလိုက်ရသည်။

"အဟမ်းးး ကျန့်ကျန့်က မြေးထက်တစ်နှစ်ငယ်တယ်ဖွားရဲ့..."

မီးခွက်စောင့်လေးကတော့မျက်လုံးကလယ်ကလယ်နှင့်ရိပေါ်ကိုပြန်ကြည့်လာသည်။

"ကျန့်ကျန့်လေးရဲ့မိဘတွေကကော"

"ကျန့်ကျန့် မမှတ်မိတော့ဘူးဖွားးး"

ဝမ်ဖွားဖွားရဲ့စိတ်ထဲမှာတော့ ဒီကျန့်ကျန့်ဆိုတဲ့ကလေးဟာငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေဆုံးသွားတာဖြစ်မည်ဟုကောက်ချက်ချလိုက်သည်။

"ကျန့်ကျန့်က မြေးတို့အိမ်မှာ ခနနေမှာဖွားရဲ့...ဖြစ်တယ်မဟုတ်လား"

ရိပေါ်ရဲ့အမေးကို ခေါင်းတညိမ့်ညိမ့်နဲ့ပြုံးပြလာတဲ့ဝမ်ဖွားဖွား

"ဖြစ်တာပေါ့...ဖြစ်တာပေါ့...စိတ်ကြိုက်သာနေနော် ကျန့်ကျန့်လေး"

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now