Ch.20(U+Z)

1.6K 227 25
                                    

🍓Unicode🍓

နေ့ရက်တွေဟာ ဒီလိုနဲ့လည်ပတ်တယ်...ရိပေါ်ဟာစာကြိုးစားတဲ့ကျောင်းသားလေးတစ်ယောက်ဖြစ်လာခဲ့တယ်....ကျောင်းပိတ်ရက်တွေဆိုရင်တော့ကျန့်ကျန့်နဲ့အတူ ကိတ်မုန့်တွေဖုတ်ကြတယ်...ဘောလုံးကန်ကြတယ်...ဂိမ်းတွေဆော့ကြတယ်

ကျန့်ကျန့်ကတော့ ဝမ်အိမ်တော်ရဲ့အသည်းကျော်လေးဖြစ်လာခဲ့တယ်...ဝမ်ဖွားဖွား၊ဝမ်ပါးနဲ့ဝမ်မား အားလုံးကကျန့်ကျန့်ကိုသိပ်ချစ်ကြသည်။

ကျန့်ကျန့်ရဲ့ပင်လယ်ကမ်းခြေကိုပြန်သွားချင်တဲ့ဆိုတဲ့စကားကိုမှတ်မိတဲ့သခင်က ကျန့်ကျန့်ကိုပင်လယ်ကမ်းခြေကိုတစ်ခေါက်ပြန်ပို့ခဲ့သည်။

ကမ်းခြေမှာရေတွေအတူဆော့ကြ...ခရုလေးတွေအတူကောက်ကြနဲ့ အမှတ်တရတွေကိုဖန်တီးကြတယ်...ညအခါမှာတော့မီးရှူးမီးပန်းတွေဖောက်လို့ ကောင်းကင်ကြီးကိုကြည့်ကြတယ်...သခင့်ရဲ့လက်ကိုဆွဲလို့ ကမ်းစပ်မှာပြေးတဲ့အခါ...စိတ်တွေကလွတ်လပ်ပေါ့ပါးခဲ့သည်

ဒီလက်တစ်စုံကိုအမြဲဆုပ်ကိုင်ထားခွင့်ရှိရင်ကောင်းမှာပဲလို့လည်းကျန့်ကျန့်ကတွေးမိသည်....တစ်ယောက်နဲ့တစ်ယောက်အကြည့်စုံမိလို့အနမ်းပေးတဲ့အခါ ကျန့်ကျန့်က သခင့်ကိုသိစေချင်သည်။ချစ်တယ်လို့ ထုတ်ပြောခွင့်မရှိပေမယ့် သူ့သခင်ကိုချစ်နေပါတယ်ဆိုတဲ့အကြောင်းကိုပေါ့....

ကမ်းခြေကပြန်လာလို့သိပ်မကြာပါဘူးသခင်ရဲ့ဆိုင်ကယ်ပြိုင်ရမယ့်အချိန်ကရောက်လာခဲ့တော့တယ်...တစ်လဆိုတဲ့အချိန်ကတကယ်ကိုမကြာခဲ့ပါဘူးးး

ဆိုင်ကယ်ပြိုင်ပွဲကိုကျန့်ကျန့်ကကွင်းထဲထိလိုက်အားပေးတယ်...ဘယ်သူမှမမြင်ရအောင် ကိုယ်ယောင်ဖျောက်ကာ ကျန့်ကျန့်ကသူလုပ်ချင်ရာကိုလုပ်ခွင့်ရသည်...
ကျန့်ကျန့်က ပြိုင်ပွဲဝင်နေတဲ့ဆိုင်ကယ်တွေကြားထဲအထိသွားပြီးသခင်နမည်ကိုအော်ဟစ်လို့အားပေးခဲ့ခြင်းဖြစ်သည်။

ခန့်မှန်းထားတဲ့အတိုင်းသခင်က ပြိုင်ပွဲမှာအန္တရာယ်ကင်းစွာအနိုင်ရခဲ့ပါသည်။စင်ပေါ်မှာဆုဖလားကိုကိုင်မြှောက်ထားတဲ့သခင့်ကို ကျန့်ကျန့်ကပြုံးလို့ကြည့်မိသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now