Ch.12(U+Z)

1.7K 281 12
                                    

🍓Unicode🍓

ရိပေါ်ကမီးခွက်စောင့်လေးကိုခေါ်ကာအောက်ထပ်ကထမင်းစားခန်းကိုသွားသည်။မီးခွက်စောင့်လေးကတော့အငြိမ်တစ်စက်မှမနေ ခုန်စွခုန်စွနှင့်ယုန်ကလေးလိုပင်

ယုန်ပဲလေ...ဟုတ်တယ် ခုအချိန်မှာမီးခွက်စောင့်လေးကယုန်အသွင်ပြောင်းထားတာ...ကျန့်ကျန့်ရဲ့စိတ်ထဲမှာတော့သခင်ဖြစ်သူကိုအကျင့်ပုပ်ကြီးဟုဆဲနေမိသည်။

ယုန်အသွင်ပြောင်းထားတာကိုတောင်ချီမခေါ်သွား...သူ့နောက်ကမှီအောင်လိုက်ပါတဲ့လေ...လူခြေလှမ်းယုန်ခြေလှမ်းကိုစဥ်းစားကြည့်ပါဦး...ကျန့်ကျန့်ကသာခုန်စွခုန်စွနဲ့သခင်နောက်ကအမြန်လိုက်နေရသည်။

ထမင်းစားခန်းရောက်တော့လူတွေကစုံနေပြီ....ထမင်းစားပွဲက လေးထောင့်အရှည်မို့ ထိပ်ဆုံးမှာတော့ ဝမ်ဖွားဖွားကထိုင်နေပြီ...ဝမ်ပါးနဲ့ဝမ်မားကတော့ ဝမ်ဖွားဖွားရဲ့လက်ဝဲဘက်မှာထိုင်နေကြသည်။

ရိပေါ်လည်းလက်ယာဘက်မှာရှိနေတဲ့ဖွားဖွားရဲ့ဘေးနားကခုံလေးမှာထိုင်လိုက်သည်။ဟင်းပွဲတွေကိုကြည့်လိုက်တော့အကုန်လုံးကသူ့အကြိုက်တွေပင်...

ဟင်းပွဲတွေကိုကြည့်နေတုန်းအောက်မှတစ်စုံတစ်ခုက သူ့ခြေထောက်ကိုကန်နေကြောင်းသိလိုက်ရသည်။ငုံ့ကြည့်လိုက်တော့မီးခွက်စောင့်ယုန်လေးဖြစ်နေသည်။

ယုန်ဖြူအသွင်ပြောင်းထားတဲ့မီးခွက်စောင့်လေးက သူ့ကိုထမင်းစားပွဲဝိုင်းပေါ်တင်ပေးရန် ရိပေါိရဲ့ခြေထောက်ကိုသူ့ခြေထောက်သေးသေးလေးတွေနဲ့ကန်ကာပြောနေခြင်းဖြစ်သည်။

ရိပေါ်တစ်ချက်ပြုံးလိုက်ကာ ခြေထောက်နားမှယုန်ဖြူကလေးကိုချီပြီး တစ်ချက်ဖိနမ်းပစ်လိုက်သည်။နောက်မှစားပွဲဝိုင်းပေါ်တင်ပေးလိုက်သည်။

စားပွဲဝိုင်းပေါ်မှာရောက်နေတဲ့ယုန်ဖြူလေးကတော့သူ့သခင်ကိုမျက်စောင်းတွေထိုးလာတော့သည်။နှာရွက်လေးတွေကိုလည်းတဖျက်ဖျက်ခတ်လို့ ရှက်နေပုံရသည်။

"ရိပေါ်...ဘယ်ကယုန်ကိုထမင်းစားဝိုင်းကိုခေါ်လာရတာလဲ...ရောဂါတွေပါလာရင်ဘယ်လိုလုပ်မလဲ"

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now