Ch.11(U+Z)

1.8K 232 4
                                    

🍓Unicode🍓

ရိပေါ်တစ်ယောက်ခရီးပန်းလာတာကြောင့်ခနအိပ်ပျော်သွားသည်။နိုးလာတဲ့အခါမှာတော့နေစောင်းစပြုနေပြီ။ကျန့်ကျန့်ဆိုတဲ့မီးခွက်စောင့်လေးကိုလည်းမတွေ့ရ...

ရိပေါ်လန့်သွားကာ ကုတင်ပေါ်မှဆင်းလိုက်ပြီး ဟိုကြည့်ဒီကြည့်နှင့်မီးခွက်စောင့်လေးကိုရှာနေမိသည်။နောက်တော့မှအဖြူရောင်စားပွဲလေးပေါ်က မီးခွက်ကလေးကိုကြည့်လိုက်မိသည်။

"ဟူးးးး ကျန့်ကျန့်ကမီးခွက်ထဲမှာဖြစ်မှာပေါ့...ငါ့နှယ့်နော်"

ကိုယ့်နဖူးကိုကိုယ်လက်သီးဆုပ်လေးနဲ့ပြန်ထုလိုက်မိသည်။ကျန့်ကျန့်က မီးခွက်စောင့်လေ...သူ့မှာသွားစရာဆိုလို့ဒီမီးခွက်လေးပဲရှိတာ...

"ဘယ်ကိုမှသွားခွင့်မရှိတာ...သူဘယ်လောက်မွန်းကြပ်နေလိုက်မလဲ"

ရိပေါ်လည်းမီးခွက်လေးကိုကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက်လန်းဆန်းသွားအောင်ရေချိုးဖို့သာပြင်လိုက်သည်။

ကျန့်ကျန့်တစ်ယောက်အိပ်ရာနိုးလာတော့မီးခွက်ကလေးထဲမှထွက်ကာ အခန်းရဲ့ပြတင်းပေါက်နားသွားပြီး လေအေးအေးလေးကိုရှူရှိုက်ကာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလိုက်သည်။

သူကားပေါ်မှာတုန်းကကြည့်လိုက်ရတဲ့TVမှာပြနေတဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းထဲကအတိုင်းလိုက်လုပ်နေခြင်းဖြစ်သည်။

ရိပေါ် ရေချိုးပြီးလို့လန်းလန်းဆန်းဆန်းဖြစ်သွားတဲ့အချိန်မှာတော့ အောက်ပိုင်းကိုတပတ်တစ်ထည်ပတ်ကာ ရေချိုးခန်းမှထွက်လာခဲ့လိုက်သည်။

'ကျွီ...'

တံခါးဖွင့်သံကြားတာမို့ကျန့်ကျန့်တစ်ယောက်နောက်ကိုလှည့်ကြည့်လိုက်တော့အဝတ်ဗလာနဲ့မတ်တပ်ရပ်နေသည့်သခင့်ကိုတွေလိုက်ရသည်။

ရေချိုးပြီးကာစမို့  တစ်ချို့ကျန်နေသေးတဲ့ရေစက်ကလေးတွေဟာ သခင့်ရဲ့ရင်အုပ်ကြွက်သားတွေကြားထဲမှာကပ်တွယ်နေလေသည်။တစ်ချို့ရေစက်တွေကတော့ထိုကြွက်သားအဖုအထစ်တွေကိုဖြတ်ကာတဖြည်းဖြည်းအောက်သို့စီးသွားလေသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now