Ch.9(U+Z)

1.8K 241 7
                                    

🍓Unicode🍓

ထိုကဲ့သို့ သဘာဝလွန် ထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက် ကားဆရာဟာ လိုရာခရီးသို့သွားရန် ကားမောင်းခြင်းကိုပြန်စတင်လိုက်တော့သည်။

ကားပေါ်ကလူတိုင်းရဲ့နှုတ်ဖျားမှာတော့ထိုထူးဆန်းလှတဲ့အဖြစ်အပျက်အကြောင်းကနေရာယူနေကြသည်။တစ်ချို့ကလည်းနတ်တွေကူညီမစ သည်ဟုဆိုကာကန်တော့နေကြတော့သည်။

ရိပေါ်ကတော့စိတ်လက်ပေါ့ပါးစွာပြုံးလိုက်မိသည်။ဘေးနားကမီးခွက်စောင့်လေးကလည်းသူ့ကိုရယ်ပြနေသေးသည်။ရိပေါ်မီးခွက်စောင့်လေးရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ကာ

"ကျေးဇူးပါ ကျန့်ကျန့်"

"ကျန့်ကျန့်ကိုကျေးဇူးတင်ရမှာမဟုတ်ပါဘူးး သခင်ရဲ့ဆုတောင်းကြောင့်သာ ကျန့်ကျန့်ကလုပ်ဆောင်ပေးခွင့်ရခဲ့တာပါ..တကယ်တော့ဒီကားပေါ်ကလူတွေအားလုံးရဲ့အသက်သခင်ကျေးဇူးရှင်ကသခင်ကိုယ်တိုင်ပါပဲ"

ကျန့်ကျန့်ရဲ့စကားကြောင့်ရိပေါ်စိတ်ထဲကြည်နူးသွားမိသည်။သူ့ရဲ့ဆုတောင်းလေးတစ်ခုကြောင့်အားလုံးဘေးအန္တရာယ်ကင်းခဲ့ရတယ်ဆိုတဲ့အသိက ရိပေါ်ကိုပျော်ရွှင်စေသည်။

ဟောက်ရွှမ်းနဲ့ကျိုးချန်ကတော့ fbပေါ်မှာကြုံတွေခဲ့သမျှတွေကိုရေးကာတင်နေကြတော့သည်။

"ကျန့်ကျန့်"

"ဟင်"

ရိပေါ်ရဲ့ခေါ်သံကြောင့်ပြုံးလျှက်သာသူ့ဘက်ကိုကြည့်လာတဲ့မီးခွက်စောင့်လေး

"တကယ်လို့ အာလာဒင်က သူ့ရဲ့နောက်ဆုံးဆုတောင်းကို ဂျီးနီလွတ်မြောက်ဖို့အတွက် ဆုတောင်းခဲ့သလို...ကိုယ်ကလည်း မင်းကိုဆုတောင်းပေးမယ်ဆိုရင်ရော...မင်းပျော်မှာလား"

သူ့စကားကြောင့်မီးခွက်စောင့်လေးရဲ့မျက်လုံးလေးတွေဟာဝိုင်းစက်သွားတော့သည်။

"တကယ်ပြောတာလားသခင်..."

"အင်းးး"

ရိပေါ်ရဲ့ခေါင်းညိမ့်မှုအဆုံးမှာပါးချိုင့်လေးတွေပေါ်တဲ့အထိ မီးခွက်စောင့်လေးကပြုံးပြလာသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now