Ch.5(U+Z)

2.2K 277 8
                                    

🍓Unicode🍓

ရိပေါ်ရဲ့ယုတ္တိမရှိတဲ့စကားကြောင့် ဟောက်ရွှမ်းနဲ့ကျိုးချန်တို့မှာ အခန်းထဲသို့အတင်းဝင်ကာ အသံပိုင်ရှင်အားစတင်ရှာဖွေတော့သည်။

"ဟိတ်ကောင်တွေ...ဟာကွာ..မရှိပါဘူးဆိုနေမှပဲ"

ရိပေါ်ဘယ်လိုပြောပြောဟိုနှစ်ယောက်ကတော့ရေချိုးခန်း၊အိမ်သာ ရှိသမျှနေရာတွေလှန်လှောကာရှာဖွေနေကြတော့သည်။

ဟောက်ရွှမ်းက ခုတင်အောက်ကိုကုန်းပြီးရှာနေသလို...ကျိုးချန်ကတော့ဗီရိုတွေထဲပါစစ်နေတော့သည်။

ရိပေါ်ကတော့ပါးစပ်အဟောင်းသားနှင့်သာ....စိတ်ထဲမှာတော့ထိုနှစ်ကောင်အားစောင့်ကန်ချင်စိတ်တွေတဖွားဖွားပေါက်လာတော့သည်။

"ဟိတ်ကောင်တွေ!!!!"

ရိပေါ်ရဲ့အော်သံကြားမှရှာဖွေတာကိုရပ်ကာသွားဖြီးပြနေကြတဲ့ထိုနှစ်ကောင်

"မင်းတို့လို ညီအစ်ကိုအချင်းချင်းတွေကိုငါကလိမ်စရာလားကွ...ပြီးတော့ငါ့မှာဘာဘာညာညာတွေလည်းမရှိဘူး အဲ့လိုမျိုးတွေလည်းဝါသနာမပါတာမင်းတို့လည်းသိရက်သားနဲ့"

ဟုတ်တယ်...ဝမ်ရိပေါ်ရယ်၊ဝမ်ဟောက်ရွှမ်းရယ်၊ဝမ်ကျိုးချန်ရယ်...အားလုံးကဝမ်မျိုးရိုးဖြစ်ပြီး ညီအစ်ကိုဝမ်းကွဲတွေတော်ကြတယ်...ဒါပေမယ့်သူငယ်ချင်းလိုနေကြတာကများတယ်

"ရိပေါ်ကလည်းကွာ...ငါတို့ကဒီအတိုင်းစပ်စုတာပါကွ...ဟီးးး"

မျက်နှာချိုသွေးနေတဲ့ကျိုးချန်ကိုရိပေါ်လက်သီးထောင်ပြလိုက်သည်။ကျိုးချန်ကရိပေါ်နဲ့ဟောက်ရွှမ်းထက်၁နှစ်ကြီးပေမယ့် သူတို့က အစ်ကိုလိုကိုမသတ်မှတ်ကြတာ

ရိပေါ်တစ်ယောက် ကျိုးချန်ကိုလက်သီးထောင်ပြနေရင်းမှအကြည့်တို့က ဟောက်ရွှမ်းဆီအရောက် မျက်လုံးပြူးသွားရသည်။အကြောင်းမှာ သကောင့်သားက ခုတင်ပေါ်ကစောင်အားလှန်လိုက်သောကြောင့်ဖြစ်သည်။

ဟောက်ရွှမ်းလှန်လိုက်တဲ့စောင်ရဲ့အောက်မှာတော့ရိပေါ်ဖွက်ထားတဲ့မီးခွက်ကလေးဟာလည်းဘွားကနဲပေါ်လာတော့သည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now