Part 7

16.7K 1K 19
                                    

Unicode
(ရေးပြီးချိန်အချိန်မဆွဲပဲအပ်ပေးလိုက်တယ်နော်၊ အလုပ်ရှုပ်နေချိန် မရေးဖြစ်လို့ ၃ရက်မျိုး ၁ပတ်မျိုးကြာသွားရင် နားလည်ပေးမလား၊ ၃ရက်မျိုး ၁ပတ်မျိုးဆိုတာလဲ အရမ်းအလုပ်ရှုပ်နေချိန်မို့ပါ၊ ဒါပေမယ့် ကိုယ်က ညဘက်တွေအိပ်မပျော်ရင်မပျော်သလိုရေးဖြစ်နေတော့ အဲ့လောက်တော့မကြာဘူးထင်တာပဲ)

ပန်းချီသူရဲ့လက်ရှိတွဲနေတဲ့သူပိုင်ဇေနဲ့ဘားကိုရောက်နေတာဖြစ်၏။ ဘားကငြိမ့်ငြိမ့်လေးနဲ့ထိုင်ရတာအဆင်ပြေသည်။

"ပန်းချီ ကိုယ့်သူငယ်ချင်းတစ်ယောက်လာမှာ အဆင်ပြေတယ်မလား"

"ပြေတယ်လေ ရတယ်"

ပိုင်ဇေနဲ့ပန်းချီကနိုင်ငံခြားမှာပဲတွေ့တာဖြစ်၏။ ဟိုမှာ အလုပ်သင်ဝင်ရင်း တစ်ယောက်နဲ့တစ်ယောက်တွဲမိသွားတာ။ ပန်းချီကခေတ်ဆန်ပြီး ခေတ်လွန်တော့မဟုတ်။ ပန်းချီတွဲခဲ့တဲ့သူတွေဆိုတာလဲ ခပ်နုံနုံတွေမဟုတ်။ သူတို့နှစ်ယောက်စလုံးက ဟိုမှာအလုပ်သင်အနေနဲ့တွေ့ကြပေမယ့် နှစ်ယောက်စလုံးရဲ့မိသားစုအသိုင်းအဝိုင်းတွေက ပိုက်ဆံရှိမိသားစုတွေပင်။ ကိုယ့်ကိုလဲအဖက်ဖက်ကကြည့်ပြီး ပန်းချီကတွဲခဲ့တာ။ ဘားအတွင်းဝင်လာတဲ့ သူငယ်ချင်းကိုတွေ့တော့သူလက်ပြလိုက်သည်။

"ရောက်တာကြာပြီလား"

"မကြာသေးပါဘူး ထိုင်"

ပိုင်ဇေရဲ့သူငယ်ချင်းဖြစ်သူက သူတို့နဲ့တစ်ဝိုင်းထဲထိုင်၏။

"ပန်းချီ ဒါကိုယ့်သူငယ်ချင်း မြင့်မိုရ်တဲ့၊ မြင့်မိုရ် ဒါက ပန်းချီ ငါ့ဂဲလ်ဖရန့်(girlfriend)"

"တွေ့ရတာဝမ်းသာပါတယ် ပန်းချီပါ"

"မြင့်မိုရ်ပါ"

သူငယ်ချင်းနှစ်ယောက်စကားပြောရင်း ပိုင်ဇေနဲ့ဘယ်မှာဆုံတာလဲ ဘယ်တုန်းကတွဲဖြစ်သွားတာလဲ အစရှိသဖြင့်မေးကြသည်။ ပန်းချီကလဲ သွက်၏။ မြင့်မိုရ်က ပိုင်ဇေနဲ့သူငယ်ချင်းလား ပန်းချီနဲ့သူငယ်ချင်းလားမေးယူရလောက်အောင်ကို ရင်းနှီးသွားသည်။

"မင်းရော ဟိုတစ်ယောက်အနားမှာပဲလား၊ ကိုယ့်ကိုချစ်တဲ့သူ ကိုယ်ကချစ်တဲ့သူရှာသင့်တယ်"

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now