Part 31

15.8K 894 22
                                    

Unicode
(လိုင်းကကျနေတော့ ကလစ်တာအခုမှပြီးလို့ အခုတင်ပေးလိုက်ပါပြီ၊ ဆေးပညာအယူအဆ မှားယွင်းနိုင်ပါသည်။)

လွှမ်း ကြားလိုက်ရတဲ့သတင်းက ဘာကြီးလဲ။ မဖြစ်နိုင်ဘူးလေ မောင်က ဒီအပိုင်းကိုအရမ်းကျွမ်းကျင်တာ ဒီလိုဖြစ်စရာအကြောင်းမှမရှိတာ။ အန်ကယ်နဲ့အန်တီနဲ့ဧည့်ခန်းမှာထိုင်ကာ စကားပြောနေရင်း ဇေယျာ့ဆီကဖုန်းဝင်လာတာ။ ဖုန်းကလဲသူ့ဆီဝင်လာတာမလား။ ဖုန်းကိုင်လိုက်တဲ့သမက်ဖြစ်သူကိုဒေါ်ဝသုန်ကြည့်ကာ အနားတိုးသွားလိုက်၏။

"သားလွှမ်းဘာဖြစ်လို့လဲ ဘယ်သူဆက်တာလဲ"

.......

သူမမေးတာမဖြေပဲ ကျောက်ရုပ်လို့တောင့်နေတဲ့ လွှမ်းအနားမှာဒေါ်ဝသုန်ထိုင်ချကာ ဖုန်းကိုယူကြည့်လိုက်၏။

"ဟလို သားဇေယျာ ဘာဖြစ်လို့လဲ"

ဒေါ်ဝသုန်မေးနေပေမယ့် တစ်ဖက်ကပြန်မထူး။ ဒါပေမယ့် ဆူညံသံတွေကြားနေရ၏။ ဆူညံသံတွေက ရဲကားတွေရော အရေးပေါ်ကားအသံတွေရော စုံနေ၏။ ဖုန်းကကျသွားပြီးဘာဖြစ်မှန်းမသိ။

“သား လွှမ်း”

ဒေါ်ဝသုန်လှုပ်ကာခေါ်လိုက်မှ လွှမ်းကသတိပြန်ဝင်လာ၏။

“အန်တီ စေတမာန်လေ…”

“အင်း သားတမာန်ဘာဖြစ်လို့လဲ”

ထိုစဉ် ဦးမိုးမင်းဆီဖုန်းဝင်လာတော့သည်။ ဒါကတာဝန်ရှိသူတစ်ယောက်ကဆက်သွယ်လာတာဖြစ်၏။ ဦးမိုးမင်းစိတ်ကိုငြိမ်ငြိမ်ထားကာ အသက်ဝဝရှူလိုက်သည်။ သားကဘယ်လောက်ထိခိုင်သွားလဲမသိ။ သားဒီကိစ္စတွေလုပ်နေတာ သူသိတာမကြာသေးဘူး။ ပါးပါးသိသင့်တယ်ထင်လို့ဟုဆိုကာ ဖွင့်ပြောလာတာ။

“သုန် အစ်ကိုအပြင်သွားလိုက်အုန်းမယ်”

“အစ်ကို ဘာဖြစ်လို့လဲ ကျမကိုပြောအုန်းလေ”

“ကျွန်တော်လဲ လိုက်မယ် အန်ကယ်”

“နေပါအုန်း ဘာဖြစ်နေတာလဲ ပြောပြအုန်းလေ”

ဒေါ်ဝသုန်ရင်ထိတ်နေတော့သည်။ ယောက်ျားရောသားမက်ဖြစ်သူရဲ့မျက်နှာတွေက လုံးဝအဆင်ပြေမနေ။ ဘာကိစ္စဖြစ်လို့သူမကို မပြောပဲနေနေတာလဲ။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now