Part 19

19.1K 1.1K 4
                                    

Unicode
(မနက်စောစောဖတ်ချင်ရင်တော့ စောစောလေးလာပြကြမယ်နော် ကလစ်ထားတာလေးတွေကို)

"မင်းကြားပြီးပြီလား စေတမာန်ကယောက်ျားတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်"

"အင်း"

ဇေရဲ ဒီသတင်းကိုကြားပြီးတာမနေ့ကပင်။ သူ့ဘော်ဒါတစ်ယောက်ကအခုမှဖုန်းဆက်ပြီးပြောလာတာဖြစ်၏။ ပြီးခဲ့တဲ့နှစ်ပတ်၊ သုံးပတ်လောက်က စေတမာန်တို့အိမ်မှာ Wedding dinner လုပ်တယ်ဆိုတာရယ်၊ သူနဲ့လက်ထပ်တဲ့ယောက်ျားက မဟော်ဂနီအုပ်စုက ဆိုတာရယ်ပေါ့။ ဒါဆို ပြိုင်ပွဲမှာပါလာတဲ့သူက မဟော်ဂနီအုပ်စုရဲ့ လွှမ်းဂနီပေါ့။ အဝေးကနေမြင်လိုက်ရတာတောင် လွှမ်းဂနီကမျက်လုံးထဲမှာပေါ်လွင်နေတာ။ ဒါကြောင့်လဲဒီကောင်က ယူလိုက်တာဖြစ်လောက်သည်။ သူကိုယ်တိုင်လဲ ဒီအစ်ကိုကိုစိတ်ဝင်စားနေမိတာပင်။ ဒါကြောင့်ပဲဖေဖေရဲ့ပရောဂျက်အသစ်ကိုသူလုပ်ပေးပါမယ်လို့ ဖေဖေ့ကိုပြောထားတာ။ ဖေဖေကကြားကြားချင်း သူ့ကိုတောင် ငါ့သားအလုပ်လုပ်ချင်စိတ်တွေဖြစ်နေပြီလားဆိုပြီးစခဲ့သေးတာ။ ဖေဖေ့ရဲ့ပရောဂျက်အသစ်က မဟော်ဂနီနဲ့ဆိုတာရယ် သူဘာကြောင့်ဒီပရောဂျက်ကိုလုပ်ပေးမယ်ဆိုတာဖေဖေမသိ။ အခုတော့ ပရောဂျက်အတွက် မီတင်လုပ်ဖို့ချိန်းထားတာကြောင့် သူပြင်ဆင်ကာဖေဖေနဲ့လိုက်သွားဖို့လုပ်နေ၏။

မဟော်ဂနီလုပ်ငန်းစုကိုဝင်တာနဲ့စိတ်လှုပ်ရှားရသည်။ ပန်းချီအခုဒီလုပ်ငန်းစုကိုဝင်နိုင်ပြီ။ ပိုင်ဇေကိုတောင်သူမ မပြောပြဖြစ်သေးဘူး။ လွှမ်းဂနီရဲ့ PA ကဆက်သွယ်လာတယ်မလား။ လုပ်ငန်းစုမှာရှယ်ယာမခေါ်ပေမယ့် ပရောဂျက်တွေကိုကိုင်ချင်လားလို့လေ။ ဒါကြောင့်ပဲသူမလုပ်ငန်းကိုလက်ခံလိုက်ပြီး ဒီနေ့တွေ့ဖို့ချိန်းထားတာဖြစ်၏။

သူမဝင်လာတာတွေ့တော့ လွှမ်းရနီရဲ့ PA ဖြစ်သူက မီတင်ခန်းထဲလိုက်ပို့ပေး၏။ အထဲမှာလဲဧည့်သည် နှစ်ယောက်ရှိနေသည်။ ကြည့်ရတာ သူမနဲ့လက်တွဲရမယ့် ပရောဂျက်ကိစ္စအတွက်ဖြစ်လောက်၏။ မီတင်ခန်းထဲမှာတော့ ကော်ဖီ စက်ရှိပြီး ရေဗူးလေးတွေကကိုယ့်ရှေ့စားပွဲပေါ်မှာ ထားထားပေးထားသည်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now