Part 26

16.3K 948 15
                                    

Unicode

"မင်းတကယ်ကြီးစောင့်ကြည့်မလို့လား"

"အင်း"

"မင်းရဲ့လွှမ်းကိုပြောလိုက်ပါလား၊ အဲ့ကောင် သူ့ကိုဘယ်လိုပြောသွားလဲဆိုတာကို"

"လွှမ်းကိုရည်ရွယ်ပြီး ညစ်ညစ်ပတ်ပတ်ပြောသွားတာကို လွှမ်းသိစရာမလိုဘူး"

တကယ်ဒီစကားကို လွှမ်းနားထဲ တမာန်အရောက်မခံနိုင်။ လွှမ်းကရှေ့မျက်နှာနောက်မျက်နှာတွေကြည့်ဖို့ရှိလို့ဒီကောင်နဲ့လက်တွဲလုပ်ရမယ်ဆိုရင် သူတားမှာမဟုတ်။ ဒါပေမယ့် ဒီကောင့်ဘက်က လွှမ်းကိုတို့ထိတာရှိလာရင် သူလွှတ်ပေးထားမှာမဟုတ်။ ခြေကျော်ခြေ ခေါင်းကျော်ခေါင်းပင်။ လွှမ်းကဘယ်လိုတားမရ။ အရင်ထဲက လက်တွဲလုပ်နေတဲ့ လူကြီးတွေမျက်နှာရှိသေးတယ် ဘာကဘယ်လိုဆိုတာနဲ့ သူ့ကိုတားမရအောင် ပြောသည်။

တီ....

ဇေယျာနဲ့စကားပြောရင်း ရှိုးရွန်းမှာထိုင်နေစဉ် သူ့ဖုန်းမှအချက်ပြသံမြည်လာတာဖြစ်၏။ သော်ဇင်ကဘေးကကြားကာ သူ့ဆရာကိုင်နေကျ laptop ယူလာပေးသည်။

"သော်ဇင် တည်နေရာကြည့်လိုက်"

လွှမ်းရဲ့ကားက တစ်ခုခုဖြစ်လို့ သူ့ဆီမှာအချက်ပေးသံမြည်လာတာဖြစ်၏။ သော်ဇင်မှာ သူ့ဆရာအသံကြားက ခေါင်းမွှေးတွေထောင်သွားသလားမှတ်ရသည်။ လွှမ်းက ကားမောင်းကြမ်းသူလဲမဟုတ် ဒီလိုဖြစ်စရာ အကြောင်းမရှိ။

ကားက ရုတ်တရက် ဘရိတ်နင်းလိုက်လို့ဖြစ်မည်။ လေအိပ်ပွင့်သွားတာတော့မတွေ့ရ။ လေအိတ်မပွင့်ပေမယ့် တစ်ခုခုကြောင့် အချက်ပေးလာတာမဟုတ်ဘူးလား။ သူဖုန်းခေါ်လိုက်တော့

(စေ!)

"လွှမ်းဘာမှမဖြစ်ဘူး စိတ်အေးအေးထားနော် မောင်လာခဲ့မယ်"

တမာန်မှာ network နဲ့ချိတ်စစ်လိုက်ချိန်မှာတော့ ကားကလော့ကျသွားတာဖြစ်ပြီးပြန်ဖွင့်မရတော့တာဖြစ်လောက်၏။ 

လွှမ်းဂနီကိုယ်တိုင်လဲ ရှေ့ကရုတ်တရက်ကန့်လန့်ဖြတ်ထွက်လာတဲ့ကားကြောင့် ဘရိတ်နင်းလိုက်တာဖြစ်ပြီး အပြင်ထွက်ကာမေးမယ်လုပ်ပေမယ့် ကားထဲကထွက်လို့မရတာကြောင့်တုန်လှုပ်သွားတာဖြစ်သည်။ နောက်ကပါလာတဲ့ ဇေရဲကလဲ ကားထဲကထွက်ကာ လွှမ်းဂနီကားဆီလာ၍ ကားတံခါးဖွင့်ပြီး အောက်ကိုဆင်းလာဖို့ပြောနေသည်။ ထိုအချိန်မှာပဲ စေတမာန်ဖုန်းခေါ်လာတာဖြစ်ပြီး သူ့စိတ်အနည်းငယ်သက်သာသလိုရှိ‌လာ၏။ သို့ပေမယ့် ထွက်လို့မရဘူးဆိုတဲ့စိတ်ကကြီးစိုးနေတာကြောင့် အသက်ရှူကြပ်လာသလိုတောင်ခံစားနေရသည်။

Noisy Love My Hlwan (Complete) Uni & Zawgyi Where stories live. Discover now